ပြင်ဦးလွင်တွင် အမျိုးသမီးတစ်ဦး ၆လွှာမှ ခုန်ချ၍ ‌သေဆုံး

(မှုခင်း) စက်တင်ဘာ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရျိ သုမင်္ဂလာဈေး ၊(၆)ထပ်ဈေး အပေါ်ဆုံးထပ်မှ အမျိုးသမီးတစ်ဦး ခုန်ချ၍ ‌သေဆုံးမှု ဖြစ်ပွါးခဲ့သည်။

စက်တင်ဘာ ၂၂ရက်နေ့ နံနက်၉နာရီအချိန်က ပြင်ဦးလွင်မြို့၊ရပ်ကွက်ကြီး(၂)၊သုမင်္ဂလာဈေး၊ (၆)ထပ်ဈေး အပေါ်ဆုံးထပ်၊ (၆)လွှာရှိ GOGO PARK (အားကစားကွင်း)တွင် အလုပ်လုပ်ကိုင်နေသည့် မစန္ဒီပြည့်စုံကျော် (၂၅)နှစ် (ဘ)ဦး ကျော်ကျော်သည် သုမင်္ဂလာဈေး၊အပေါ်ဆုံးထပ်၊ (၆)လွှာမှ ခုန်ချခဲ့ကြောင်း သိရသည်။

အဆိုပါ ခုန်ချမှုဖြစ်စဥ်ကြောင့် မစန္ဒီပြည့်စုံကျော်တွင် ဦးခေါင်း နောက်စေ့ ပေါက်ပြဲဒဏ်ရာ၊ ဝဲ/ယာပေါင်ကျိုး၊ ကျောပြင်ပွန်းခြစ် ဒါဏ်ရာများရရှိပြီး ‌သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN