(မှုခင်း) စက်တင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး၊ နတ္တလင်းမြို့နယ်၊ မြို့မရပ်ကွက်ရှိ ရန်ကုန်-ပြည်လမ်းဘေးက မြနန္ဒာကွန်ပျူတာဆိုင်တွင် စက်တင်ဘာ ၂၀ ရက် နံနက် ၅ နာရီ ၃၈ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် နတ္တလင်းမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ မီးသတ်ရေသယ်ယာဉ် ၂ စီးနှင့် အထောက်အကူပြုယာဉ် ၁ စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၆ နာရီ ၅ မိနစ်အချိန်တွင် ငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းနှင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများကို ဆက်လက်စစ်ဆေးနေကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN