ထိုင်းတွင် ထိန်းသိမ်းခံ မြန်မာ ၉၆ ဦး ကော့သောင်းသို့ ပြန်လည်ပို့ဆောင်

(နိုင်ငံတကာ) စက်တင်ဘာ ၁၁

ထိုင်းနိုင်ငံအတွင်း ပြစ်မှုအမျိုးမျိုးဖြင့် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၉၆ ဦး ကို ရနောင်းမြို့မှတစ်ဆင့် ကော့သောင်းမြို့ဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများအား စက်တင်ဘာ ၁၀ ရက် နံနက် ၁၁ နာရီခွဲအချိန်ခန့်တွင် ရနောင်းအကောက်ခွန်ဆိပ်ကမ်းမှတစ်ဆင့် ပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့၊ ရနောင်းအခြေစိုက် မြန်မာအလုပ်သမားသံအရာရှိနှင့် သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ ၉ ဖွဲ့မှ တာဝန်ရှိသူများက ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဩဂုတ် ၁၃ ရက်ကလည်း ထိုင်းနိုင်ငံတွင် ထိန်းသိမ်းခံထားရသည့် မြန်မာနိုင်ငံသား ၁၈၄ ဦး ကို ရနောင်းအကောက်ခွန်ဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့ဘက်သို့ ပြန်လည်ပို့ဆောင်ခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN