
(မှုခင်း)စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့နယ်တွင် ငွေကျပ်သိန်း ၂,၃၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိကြောင်း သိရသည်ေ။
စက်တင်ဘာလ ၉ ရက်နေ့ ည၁၀နါရီခွဲ အချိန်က ကျိုင်းတုံမြို့နယ်၊ တောင်ခြေကျကျေးရွာအနီးတွင် လော်ဘယ် မောင်းနှင်ပြီး ကျဝ လိုက်ပါလာသည့် မော်တော်ဆိုင်ကယ်အား မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရပ်တန့်စစ်ဆေးရှာဖွေရာ ဆိုင်ကယ်ပေါ်တွင် သယ်ဆောင်လာသော ဆာလာအိတ်အတွင်းမှ စိတ်ကြွဆေးပြား ၄၆၀,၀၀၀ ပြား(ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂,၃၀၀)နှင့် လက်ကိုင်ဖုန်း ၃ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသည့် တရားခံ လော်ဘယ်(၄၀)နှစ် နှင့် ကျဝ(၅၅)နှစ်တို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များ ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။