(မှုခင်း) ဩဂုတ် ၃၀
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ အောင်သပြေရပ်ကွက်တွင် ဆိုင်ကယ်တစ်စီးအား ခိုးယူလာသည့် အမျိုးသားတစ်ဦးကို ဩဂုတ် ၂၉ ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၉ ရက် ည ၉ နာရီခန့်တွင် ရဲတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က ရွှေညောင်မြို့အတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် အောင်သပြေရပ်ကွက် ဈေးရှေ့၌ အေးသာယာမြို့ဘက်မှ ရွှေညောင်မြို့ဘက်သို့ ဆိုင်ကယ်တစ်စီး တွန်းလာသည့် အမျိုးသားတစ်ဦးကို မသင်္ကာသဖြင့် ရပ်တန့်စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါအမျိုးသားမှာ အေးသာယာမြို့၊ မြို့ဦးရပ်ကွက်၊ အကွက်ကြီး(၆)နေ သီဟထွန်းဆိုသူဖြစ်ပြီး ၎င်းနှင့်အတူ တွေ့ရှိရသည့် Honda Wave Alpha ကာဗာတပ် NEW ZHINENG အမျိုးအစား အနက်ရောင်ဆိုင်ကယ်နှင့် ပတ်သက်၍ ပိုင်ဆိုင်မှုအထောက်အထား တင်ပြနိုင်ခြင်းမရှိကြောင်း သိရသည်။
ထို့နောက် ဆိုင်ကယ်မှာ နေအိမ်အဆောက်အဦးတစ်ခုအတွင်းမှ ခိုးယူလာခြင်းဖြစ်နိုင်ကြောင်း စစ်ဆေးတွေ့ရှိသဖြင့် သီဟထွန်းအား ရွှေညောင်နယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၈၀/ကျင့် ၅၄ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။

Telegram -t.me/positiveanglenews
#PAN