ပဲခူးတွင် မူးယစ်ဆေးဝါး သီးခြားဖမ်းဆီးမှု ၃ ကြိမ်ပြုလုပ်၊ WY ဆေးပြား ၃၂၁ ပြား ဖမ်းမိ

(မှုခင်း)ဩဂုတ် ၃၀

ပဲခူးမြို့နှင့် အင်းတကော်မြို့တို့၌ ဩဂုတ် ၂၉ ရက်က မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် သီးခြားဖြစ်စဉ် ၃ ခုအတွင်း WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြားများ အပါအဝင် ဆေးပြား စုစုပေါင်း ၃၂၁ ပြား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အင်းတကော်မြို့ လသာအေးကျေးရွာအနီးတွင် သက်ဇော်ထွေး(ခ)ရဲသားနှင့် ကောင်းစည်သူ(ခ)ကောင်းကြီးတို့ကို စစ်ဆေးရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၃ ပြား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဆေးပြားများကို အင်းတကော်မြို့တွင် ဝယ်ယူပြီး ပဲခူးမြို့ဘက်သို့ ပြန်လည်သယ်ဆောင်လာစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ပဲခူးမြို့ ဟင်္သာကုန်းရပ်ကွက်၊ ပဲခူး-သနပ်ပင်ကားလမ်းဘေးတွင် မြဝင်းကို စစ်ဆေးရာ WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၂၀ ပြား ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။

မြဝင်း၏ ထွက်ဆိုချက်အရ အဆိုပါဆေးပြားများကို ဖြိုးဝဏ္ဏ(ခ)ကရင်ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနောက် ဆက်လက်စုံစမ်းဖော်ထုတ်မှုအရ ဟင်္သာကုန်းမီးပွိုင့်အနီး ဘတ်စ်ကားဂိတ်တွင် ဖြိုးဝဏ္ဏ(ခ)ကရင်ကို ဖမ်းဆီးစစ်ဆေးခဲ့ရာ WY စာတန်းပါ ဆေးပြားများနှင့် R စာတန်းပါ ဆေးပြားများ စုစုပေါင်း ၁၃၈ ပြားကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

အဆိုပါဖမ်းဆီးရမိမှုများနှင့်ပတ်သက်၍ သက်ဇော်ထွေး(ခ)ရဲသား၊ ကောင်းစည်သူ(ခ)ကောင်းကြီး၊ မြဝင်းနှင့် ဖြိုးဝဏ္ဏ(ခ)ကရင်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ဆက်စပ်ပါဝင်သူများနှင့် ဆေးဝါးရောင်းချသူများကို ဆက်လက်ဖော်ထုတ်နိုင်ရေး စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Telegram -t.me/positiveanglenews

#PAN