(မှုခင်း) ဩဂုတ် ၇
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၊ ပန်းတင်ကျေးရွာတွင် အကြမ်းဖက် KIA/PDF အဖွဲ့များသည် ဒရုန်းနှင့် ဒရေ့ဗုံးများ ပစ်ချတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ကျောင်းထိုင်ဆရာတော်တစ်ပါးနှင့် ကလေးငယ်တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၃ ရက် ည ၇ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် ရွှေကူမြို့နယ်၊ ပန်းတင်ကျေးရွာအတွင်းသို့ အကြမ်းဖက် KIA/PDF အဖွဲ့များက အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ဒရုန်းဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ဇေယျသုခတောရဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် ဥူးဝရသမ္ဗောဓိ (သက်တော် ၆၀ နှစ်၊ ဝါတော် ၄ ဝါ) နှင့် မောင်အောင်ရဲထက် (၁၀ နှစ်) တို့မှာ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဥူးဝံသပါလ (သက်တော် ၃၀ နှစ်၊ ဝါတော် ၁ ဝါ) နှင့် ဒေါ်ဇင်မာ (၃၇ နှစ်) တို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး သေဆုံးသူနှင့် ဒဏ်ရာရရှိသူများကို ည ၈ နာရီ ၃၀ မိနစ်တွင် ရွှေကူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

Telegram»…https://t.me/positiveanglenews
#PAN