ဖျာပုံတွင် နေအိမ်မီးလောင်မှုဖြစ်ပွားရာမှ အမျိုးသား ၁ဦးသေဆုံး

(မှုခင်း)အောက်တိုဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ဒေးဒလူကျေးရွာအုပ်စု၊ရွေလှေကျင်းကျေးရွာ၊ (၂)ရပ်ကွက်ရှိ နေအိမ်တန်းလျားတွင် အောက်တိုဘာ ၇ရက် နံနက်၈နာရီ၅၅မိနစ်အချိန်က မီးလောင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်သည့် နေရာသို့ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦးခန့်နှင့် ဒေသခံပြည်သူများမှ ပူးပေါင်း၍ မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉နာရီခွဲ အချိန်တွင် မီးငြိမ်းနိုင်ခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် အိမ်ရှင် ဦးရဲမင်းထွဋ်(ခ)ကိုရဲမှာ အရက်သောက်စွဲကပ် စိတ်ဂယောင်ခြောက်ချား ဝေဒနာခံစားနေရသူဖြစ်ပြီး မီးလောင်ဒဏ်ရာများဖြင့် နေအိမ်အတွင်း သေဆုံးခဲ့ပြီး ၁၀ ပေ × ၅ ခန်း ဓနိမိုး၊ ဓနိကာ၊ ဝါးကြမ်းခင်း နေအိမ်တစ်လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲဲ့ပြီး မီးပေါ့ဆ ဆောင်ရွက်သူ အိမ်ရှင် ဦးရဲမင်းထွဋ်(ခ)ကိုရဲအား အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN