အမြန်လမ်းတွင် ယာဥ်မောင်းအိပ်ငိုက်ပြီး FAWကားတစ်စီး တိမ်းမှောက်
(မှုခင်း) သြဂုတ် ၇ရန်ကုန်-မန္တလေးအမြန်လမ်း
မိုင်တိုင် ၉၂/၄ နှင့် ၉၂/၅ကြား တွင် FAWကားယာဥ်တစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့နံနက် ၇နာရီ၄၀မိနစ်အချိန်က ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင် ၉၂/၄ နှင့် ၉၂/၅ကြား တွင်နေပြည်တော်မှရန်ကုန်သို့ဘက်သို့ မောင်းနှင်လာသည့် 3T-2365 FAW ကုန်တင်ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်၍ လမ်းလယ်ကျွန်းသို့ဝင်ရောက်တိုက်မိတိမ်းမှောက်ခဲ့သော ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွါးခဲ့သည်။
အဆိုပါ ယာဥ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ထိခိုက်ဒဏ်ရာ မရရှိခဲ့သော်လည်း အမြန်လမ်း၌ဖြစ်ပွားသော ယာဉ်မတော်တဆမှုများအားလုံး၏ အများစုသည်ယာဉ်မောင်းအိပ်ငိုက်ခြင်းကြောင့်ဖြစ်ပါ၍ ယာဉ်မောင်းများအနေဖြင့် ၂ နာရီဆက်တိုက်မောင်းနှင်ပြီးတိုင်း ယာဉ်ရပ်နားစခန်းများတွင် ခေတ္တနားနေကြပါရန်နှင့် ယာဉ်အမျိုးအစားအလိုက်သတ်မှတ်အမြန်နှုန်းထက် ပိုမိုမောင်းနှင်ခြင်း မပြုကြပါရန် အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့မှ အထူးသတိပေးထားသည်။

Telegram -t.me/positiveanglenews
#PAN