နေပြည်တော်တွင် G-9ကျောင်သား တစ်ဦး ကြိုးဆွဲချသေဆုံး

(မှုခင်း) သြဂုတ် ၈

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ နယ်မြေ ၁၀ ကွက်သစ်တွင် G-9ကျောင်သား တစ်ဦး ကြိုးဆွဲချသေဆုံးသွားကြောင်း သိရသည်။

ကြိုးဆွဲချသေဆုံးသူမှာ မောင်ရှိုင်းထက်အောင်၊ (ဘ)ဦးရဲ၊ (၁၅) နှစ်၊ ကျောင်းသား G9 ( အထကခွဲ-ရွှေနံ့သာ)၊ နယ်မြေ(၁၀)၊ ကွက်သစ်၊ ဥတ္တရသီရိမြို့နယ်နေသူဖြစ်ကြောင်း ၊ သြဂုတ်လ ၇ရက်နေ့ ည ၆နာရီခွဲအချိန်ခန့်က သေဆုံးသူ၏ဖခင်ဖြစ်သူ (၂)နှစ်ပြည့် သတိရဆွမ်းသွတ် ပြုလုပ်ရန်အတွက် အဖိုးဖြစ်သူ ဦးထွန်းထွန်းဦးနှင့် အဖွားဖြစ်သူ ဒေါ်စန်းစန်းမော်တို့မှာ အောက်ထပ်၌ ချက်ပြုတ်နေစဥ် နေအိမ်အပေါ်ထပ်အိပ်ခန်းအတွင်းတွင် သေဆုံးသူ မောင်ရှိုင်းထက်ဦးမှ ဂိမ်းဆော့နေခဲ့ကြောင်း၊ ည၇နာရီခွဲအချိန် ထမင်းစားဖို့ အဖိုးဖြစ်သူ ဦးထွန်းထွန်းဦးမှ လှမ်းခေါ်စဥ် ပြန်မထူး၍ နေအိပ်အပေါ်ထပ်သို့တက်ကြည့်စဥ် မြေးဖြစ်သူ မောင်ရှိုင်းထက်ဦးမှာ အမြင့် ၉ ပေခန့်ရှိ အိမ်ခေါင်မိုး ဒိုင်းထုတ်တန်း၌ အစိမ်းရောင်အဆင်းများပါ ယောကျားဝတ်ပုဆိုးအား သံကုလားထိုင် ပေါ်တက်၍ ချည်ကာ လည်ပင်းစွပ်လျက်ကြိုးဆွဲချ သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း သိရသည်။

အဆိုပါ သေဆုံးသူမောင်ရှိုင်းထက်အောင်၏ ရုပ်အလောင်းအား သဟပုညကာရီ” ပရဟိတယာဥ်ဖြင့် ကုတင် (၁၀၀၀) ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်းထားရှိပြီး သေမှုသေခင်းဖွင့်လှစ်ရန် စီစဥ်ထားရှိကြောင်းသိရသည်။