ပျဥ်းမနားမြို့တွင် ဆိုင်ကယ်နှင့်ကားတိုက်မှုဖြစ်ပွားပြီး ၁ဦးသေ ၂ဦး ဒဏ်ရာရ

(မှုခင်း) ဇူလိုင် ၂၃

နေပြည်တော်၊ ပျဥ်းမနားမြို့ အလျှင်လိုကျေးရွာ အနီး ဆိုင်ကယ်နှင့်ကားတိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၂၂ရက် ည၆နာရီအချိန်ခန့်က ပျဥ်းမနားမြို့ အလျှင်လိုကျေးရွာအနီး လမ်းဟောင်းပေါ်တွင် ဆိုင်ကယ်နှင့်ကားတိုက်မှုဖြစ်ပွားခဲ့ရာ ဆိုင်ကယ်ပေါ်တွင်လိုက်ပါစိးနင်းသူ ၃ဦး ထိခိုက်ဒဏ်ရာရ ပြင်းထန် လူနာများရှိကြောင်း သတင်းရရှိသဖြင့် မိုးစေတနာပရဟိတအသင်းပျဥ်းမနားရုံးမှ လူနာတင်ယာဥ်ဖြင့်ထွက်ခွာပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား လူနာ ၃ ဦးအား ပျဥ်းမနားကုတင် ၂၀၀ ပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူနိုင်ရန် ပို့ဆောင်ကူညီပေးခဲ့ကြောင်း အမျိုးသားတစ်ဦးမှာ ရရှိဒဏ်ဖြင့် သေဆုံးခဲ့ပြီး ကျန်အမျိုးသား၂ ဦးမှာ အရေးပေါ်အခြေအနေဖြင့် ကုသလျှက်ရှိကြောင်း သိရသည်။

Telegram -t.me/positiveanglenews

#PAN