ရွာငံမြို့နယ်တွင် သံဃာတစ်ပါး အသတ်ခံရ

(မှုခင်း) ဇူလိုင် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် သံဃာတစ်ပါး အသတ်ခံရကြောင်း သိရသည်။

ဇူလိုင်လ ၂၀ ရက်၊ ည ၁၀ နာရီခွဲအချိန်ခန့်က ရွာငံမြို့နယ်၊ နွားဘန်းကြီးကျေးရွာအုပ်စု၊ မြသိန်းတန် ဘုန်းတော်ကြီးကျောင်းနေ သံဃာတော် ဦးဝိလာသကို အကြမ်းဖက်PDF ၅ ဦးက စစ်ဆေးမေးမြန်းစရာရှိသည် ဟုဆိုကာ လာရောက်ခေါ်ဆောင်သွားခဲ့ကြောင်း၊ ယနေ့ နံနက်ပိုင်းတွင် နဖား-နွားဘန်းကြီးကျေးရွာအနီးရှိ မြေသားလမ်းပေါ်၌ ရင်အုံ ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင် ဒဏ်ရာ ၁ ချက်၊ နဖူးချိုင့်ဝင် ဒဏ်ရာတို့ဖြင့် အသတ်ခံရကာ သေဆုံးလျက် တွေ့ရှိခဲ့ရကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်PDFအဖွဲ့၏ သတ်ဖြတ်မှုကြောင့် ပျံတော်မူသွားသည့် သံဃာ ဦးဝိလာသအား ရွာငံမြို့ လူမှုကူညီရေးအသင်း မော်တော်ယာဉ်ဖြင့် ရွာငံပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ ကြောင်း သိရသည်။

Telegram -t.me/positiveanglenews

#PAN