လှိုင်သာယာတွင် ယာဉ်တိုက်မှုဖြစ်ပွားပြီး စက်ဘီးစီးအမျိုးသားတစ်ဦး သေဆုံး

(မှုခင်း) ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ် အနော်ရထာလမ်းမကြီး၊ လိုင်သာယာဘက်ခြမ်းရှိ 225 မာဆက် (အနှိပ်လုပ်ငန်း) ရှေ့တွင် စက်ဘီးလာသူတစ်ဦး ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဇူလိုင် ၂၁ ရက်က လှိုင်သာယာအနောက်ပိုင်းမြို့နယ် အနော်ရထာလမ်းမကြီး၊ လိုင်သာယာဘက်ခြမ်းရှိ 225 မာဆက် (အနှိပ်လုပ်ငန်း) ရှေ့တွင် ရိုးကြီးဘက်သို့ မောင်းနှင်လာသည့် တက္ကစီယာဉ် (ယာဉ်အမှတ် YGN-12 BB-4548) က စက်ဘီးမောင်းနှင်လာသည့် အမျိုးသားတစ်ဦးအား နောက်ဘက်မှ ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ပြီး၊ စက်ဘီးစီးသူမှာ အခင်းဖြစ်နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူ၏ ရုပ်အလောင်းအား ပရဟိတအသင်း၏ လူနာတင်ယာဉ်ဖြင့် လိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၊ဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram -t.me/positiveanglenews

#PAN