(မှုခင်း) အောက်တိုဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ဘုမ္မော်ရပ်ကွက်၊ သဇင်လမ်းရှိ နှစ်ထပ် RC လူနေအိမ်တစ်လုံးတွင် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အောက်တိုဘာ ၁၅ ရက် ည ၇ နာရီ ၁၂ မိနစ်အချိန်ခန့်က အလျားပေ ၂၀၊ အနံပေ ၅၀ ရှိ နှစ်ထပ် RC နေအိမ်တွင် Safeguard နှင့် အဲယားကွန်းချိတ်ဆက်ထားသည့် မီးပလပ်ခုံမှတစ်ဆင့် မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးလောင်မှုသတင်းရရှိသဖြင့် ည ၇ နာရီ ၁၃ မိနစ်အချိန်တွင် ထားဝယ်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၂၃ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၂၀ ဦးနှင့် မီးငြှိမ်းသတ်ယာဉ် ၃ စီး၊ ရေသယ်ယာဉ် ၂ စီး၊ အုပ်ချုပ်မှုယာဉ် ၁ စီးတို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ည ၇ နာရီ ၂၅ မိနစ်အချိန်တွင် မီးထိန်းနိုင်ခဲ့ပြီး ၇ နာရီ ၃၅ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုကြောင့် နေအိမ်အပေါ်ထပ်ရှိ မျက်နှာကျက်နှင့် အလူမီနီယံပြတင်းပေါက်များ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN