(ပြည်တွင်း)အောက်တိုဘာ ၁၆
ရေး-သံဖြူဇရပ်လမ်းမကြီးပေါ်တွင် PDF အဖွဲ့မှမောင်းနှင်လာသော ဆိုင်ကယ်မှ ခရီးသည်ယာဉ်အား ဝင်တိုက်မိကြောင်းသိရသည်။
အောက်တိုဘာလ ၁၆ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ဝဲခမီကျေးရွာအနီး ရေးမြို့ဘက်မှ မောင်းနှင်လာသော ရွှေစင်စင်္ကြာ ခရီးသည်တင်မှန်လုံယာဉ်နှင့် ကားတစ်စီးအား ကျော်တက်လာပြီး ဝင်လာသည့် PDF အဖွဲ့ဝင် တစ်ဦး မောင်းနှင်လာသော ဆိုင်ကယ်တို့ တိုက်မိခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်လာသူ PDFတပ်ဖွဲ့ဝင် ၁ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သဖြင့် PDF အဖွဲ့ဝင်များ ရောက်ရှိလာကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့အား ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN