မူဆယ်တွင် အဆောက်အဦပေါ်သို့ မြေပြိုကျမှုကြောင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရ

(မှုခင်း) ဇူလိုင် ၂၀

ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ ကောင်းမှုးတုံရပ်ကွက်၊ ဟိုးနားနယ်မြေ၊ မြို့ရှောင်လမ်းတွင် ယနေ့နံနက် ၉နာရီခွဲအချိန်က အဆောက်အဦးပေါ်သို့ မြေပြိုကျမှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ မြေပြိုကျမှုကြောင့် အမျိုးသမီး(၁)ဦး ခြေထောက်အောက်ပိုင်း ပိမိနေသဖြင့် မူဆယ်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာနံနက် ၁၀နါရီခွဲအချိန်တွင် ကယ်ထုတ်နိုင်ခဲ့သည်။

ထိခိုက်ဒဏ်ရာရရှိသူအမျိုးသမီးအား မြင့်မြတ်ပါရမီလူမူကူညီရေးအသင်းမှ မူဆယ်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Telegram – t.me/positiveanglenews

#PAN