(မှုခင်း)အောက်တိုဘာ ၁၆
နေပြည်တော် ဇေယျာသီရိမြို့နယ်၊ နန်းဩကျေးရွာထိပ်၊ ရန်း-မန်း လမ်းဟောင်း မိုင်တိုင်အမှတ် ၂၃၅/၂- ၂၃၅/၁ အကြားတွင် ၂၂ဘီးယာဥ်တွဲကားမှ ဆိုင်ကယ်အား ချိတ်မိသဖြင့် ဆိုင်ကယ်မောင်နှင်သူ ကားကြိတ်သေဆုံးခဲ့ကြောင်း သိရသည်။
အောက်တိုဘာ ၁၆ရက် နံနက်၁၁နာရီအချိန်က ပျဉ်းမနားဘက်မှ တပ်ကုန်းဘက်သို့ မောင်းနှင်လာသော မော်တော်ဆိုင်ကယ်ယာဉ်အမှတ် MDY-76W/67998 Honda 150 click အမျိုးအစား ဆိုင်ကယ်အား ကောင်းထက်အောင်(၂၃)နှစ်၊ (ဘ)ဦးအောင်မင်း၊ မြို့ဦးရပ်ကွက်၊ ပျဉ်းမနားမြို့နေသူမှ မောင်းနှင်ပြီး ချမ်းမြေ့အောင်(၂၁)နှစ်၊ (ဘ)ဦးမြင့်သိန်း၊ နည်းပညာတက္ကသိုလ်(နေပြည်တော်/ဒုနှစ်)၊ ကက/မ၊ အောင်ပင်လယ်ရပ်ကွက်၊ ချမ်းမြသာစည်မြို့နယ်နေသူမှ နောက်ထိုင်လိုက်ပါလာခဲ့ရာ လားရာတူဘက် YGN-33/4S-3234 FUSO ၂၂ဘီး တွဲကားအဖြူရောင်ယာဉ်အား ယာဉ်မောင်း မောင်မောင်နိုင်(၅၀)နှစ်၊ (ဘ)ဦးဖိုးစံ၊ သိုင်းဝကျေးရွာ၊ ရေတာရှည်မြို့နယ်နေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် အောက်မြင့်မြတ် (၂၂)နှစ် ၊ (ဘ)ဦးမြင့်ဆွေ၊ ပတ္တမြားရပ်ကွက်၊ ချောက်မြို့နယ်နေသူမှ လိုက်ပါလာသည့် မော်တော်ယာဉ်သည် ဆိုင်ကယ်အား ကျော်တက်စဉ် ချိတ်မိခဲ့ကြောင်း သိရသည်။
ထို့နောက် ဆိုင်ကယ်နှင့် ဆိုင်ကယ်နောက်တွင် လိုက်ပါသူ ချမ်းမြေ့အောင်တို့မှာ လမ်းဘေးသို့လွင့်စင်သွားပြီး ဆိုင်ကယ်မောင်းသူ ကောင်းထက်အောင်မှာ မော်တော်ယာဉ်၏ ယာဘက် ဘီးအောက်သို့ရောက်ရှိ ကြိတ်မိခဲ့သဖြင့် ဝဲလက်ကျိုးကြေဒဏ်ရာ၊ ဝမ်းပိုက်ပွင့်ထွက်ဒဏ်ရာ၊ ဝဲပေါင်ကျိုကြေပွမ်းခြစ်ဒဏ်ရာတို့ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း ဆိုင်ကယ်နောက်ထိုင်လိုက်ပါသူ ချမ်းမြေ့အောင်မှာ ဝဲ/ယာ လက်ခုံတွင် ပွန်းခြစ်ဒဏ်ရာ၊ ဝဲ/ယာ ဒူး ပွန်းခြစ်ဒဏရာ၊ ဝဲနံအောင့်ဒဏ်ရာ(မစိုးရိမ်ရ)တို့ရရှိခဲ့ကြောင်း သိရသည်။အဆိုပါ ကားကြိတ်ခံရ၍ သေဆုံးသူနှင့် ဒဏ်ရာရသူတို့အား ဂရုဏာရှင်လူမှုကူညီရေးအသင်းယာဉ်ဖြင့် ကုတင်(၃၀၀) ပုဗ္ဗသီရိမြို့နယ်သို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ယာဥ်မောင်းဖြစ်သူ မောင်မောင်နိုင်အား အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Telegram – t.me/positiveanglenews
#PAN