
(ပြည်တွင်း) ဇူလိုင် ၁၆
နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်က ဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို လက်ခံယုံကြည်လာသည့် ကရင်ငြိမ်းချမ်းမှု ထိန်းသိမ်းရေးတပ် ဖွဲ့ (KPMF) နှင့် KNLA တို့မှ အဖွဲ့ဝင် (၄၁) ဦးသည် ၎င်းတို့၏ လက်နက်၊ ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။
တပ်မတော်၏ နယ်မြေရှင်းလင်းရေးနှင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးများတွင် အောင်မြင်မှုများ ရရှိပြီးနောက်ပိုင်း ဒေသခံပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ယုံကြည်မှုများ မြင့်တက်လာခဲ့သည်။ ဤအခြေအနေကြောင့် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ဝင်အချို့သည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် နားလည်သဘော ပေါက်လာကာ နီးစပ်ရာ တပ်စခန်းများနှင့် ရဲကင်းများသို့ လာရောက်သတင်းပို့ပြီး ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာခြင်းဖြစ်သည်။
ယနေ့နံနက်ပိုင်းတွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်သော အခမ်းအနားတွင် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ (၄၁) ဦးကို မိဘအုပ် ထိန်းသူများထံ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး ကျော်လင်းမောင်၊ တိုင်းမှူး ဗိုလ်မှူးချုပ် သူရဇော်လွင်စိုးနှင့် တာဝန်ရှိသူများ၊ မိဘအုပ်ထိန်းသူများ တက်ရောက်ခဲ့ကြသည်။

ပြန်လည်ဝင်ရောက်လာသူများက ၎င်းတို့နှင့်အတူ ပါရှိလာသည့် မောင်းပြန်ရိုင်ဖယ်များ၊ ပစ္စတိုများ၊ လက်လုပ်သေနတ်များ၊ လက်ပစ်ဗုံးများ၊ လမ်းလျှောက်စကားပြောစက်များနှင့် ကျည်မျိုးစုံတို့ကို လွှဲပြောင်းအပ်နှံခဲ့ကြသည်။ တာဝန်ရှိသူများက အဆိုပါ လက်နက်၊ ခဲယမ်းများအတွက် ဆုကြေးငွေများနှင့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများအတွက် ထောက်ပံ့ငွေများအဖြစ် စုစုပေါင်း ငွေကျပ် (၃၈၂) သိန်း (၅) သောင်းနှင့် လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့သည်။
ယခု ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူ (၄၁) ဦးမှာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ စစ် ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ဖြစ်ကြသည်။ ၎င်းတို့အား ခံဝန်ကတိ လက်မှတ်ရေးထိုးစေပြီးနောက် မိဘအုပ်ထိန်း သူများထံသို့ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့သည်။
တပ်မတော်အနေဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိနေသေးသည့် လက်နက်ကိုင် အဖွဲ့ဝင်များစွာ ကျန်ရှိနေသေးကြောင်း သိရှိရပြီး၊ နီးစပ်ရာ အုပ်ချုပ်ရေးအဖွဲ့များ၊ တပ်စခန်းများနှင့် ရဲစခန်းများသို့ ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံကာ လိုအပ်သည့် ကူညီထောက်ပံ့မှုများနှင့် လက်နက်၊ ခဲယမ်းများအတွက် ထိုက်တန်သည့် ဆုကြေးငွေများကို ပေးအပ်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ထပ် လောင်းပြောကြားခဲ့သည်။
Telegram»… https://t.me/positiveanglenews
#PAN