
(မှုခင်း) ဇူလိုင် ၁၆
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်တွင် အမျိုးသားတစ်ဦး ကြိုးဆွဲချသေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ယနေ့ ဇူလိုင်လ ၁၆ ရက်၊ နံနက်ပိုင်းက၊ တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၊ စိန်ရတနာလမ်း၊ နယ်မြေ (၇) နေ အေးမင်းဝင်းသည် နေအိမ်ပြတင်းပေါက်အပေါ်တန်းအား နိုင်လွန်ကြိုး အဖြူရောင်ဖြင့် ကြိုးကွင်းပြုလုပ်ပြီး ပြတင်းပေါက် အပြင်ဘက်သို့ ခုန်ချကာ ကြိုးဆွဲချသေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
နေအိမ်ပြတင်းပေါက်အပေါ်တန်းအား နိုင်လွန်ကြိုး အဖြူရောင်ဖြင့် ကြိုးကွင်းပြုလုပ်ပြီး ပြတင်းပေါက် အပြင်ဘက်သို့ ခုန်ချကာ ကြိုးတန်းလန်းဖြင့်
အဆိုပါ သေဆုံးသူ အမျိုးသားသည် အရက်ဖြတ်ထားသဖြင့် အရက်ကြောင်ကာ ရပ်ကွက်ထဲ လျှောက်သွားနေသူဖြစ်ကြောင်း၊ သေဆုံးသူ၏ ရုပ်အလောင်းအား တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သေဆုံးမှုနှင့် ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ် သိရှိနိုင်ရန် တောင်ကြီးနယ်မြေရဲစခခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၃၂/၂၀၂၆) ဖြင့်အမှုဖွင့်စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Telegram….
https://t.me/positiveanglenews