အမေရိကန် ထောက်လှမ်းရေးအကြီးအကဲအဖြစ် ခန့်အပ်ခံရသူ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အတည်ပြုရန် ငြင်း ဆန်၊ အထက်လွှတ်တော်အတွင်း တင်းမာမှုများဖြစ်ပွား

(နိုင်ငံတကာ) ဇူလိုင် ၁၆

   သမ္မတ ဒေါ်နယ်ထရမ့်၏ အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူး (DNI) ရာထူးအတွက် အမည်စာရင်းတင်သွင်းခြင်း ခံထားရသည့် ဂျေး ကလေးတန် (Jay Clayton)သည် ဗုဒ္ဓဟူး နေ့က ကျင်းပသည့် အထက်လွှတ်တော် ထောက်လှမ်းရေးကော် မတီ ကြားနာပွဲ၌ ၂၀၂၀ ရွေး ကောက်ပွဲရလဒ်နှင့် ပတ်သက်၍ ရှင်းလင်းစွာ ဝန်ခံပြောဆိုရန် ငြင်းဆန်လိုက်ခြင်းကြောင့် အမေရိကန်နိုင်ငံရေးလောကတွင် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။                         

      မန်ဟက်တန်ရှိ ဖက်ဒရယ်ရှေ့နေချုပ်ဟောင်း ကလေးတန် သည် အစိုးရအဖွဲ့အဆင့် ရာထူးတစ်ခုကို ရယူရန်အတွက် အတည်ပြုခြင်းဆိုင်ရာ ကြားနာပွဲ၌ ကော်မတီ၏ မေးခွန်းများကို ဖြေကြားခဲ့သည်။ သို့သော် ၂၀၂၀ ရွေး ကောက်ပွဲတွင် ဂျိုးဘိုင်ဒင်က ဒေါ်နယ်ထရမ့်ကို အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း အထက် လွှတ်တော်အမတ်များက တိုက် ရိုက်မေးမြန်းသည့်အခါ ကလေးတန်က အဆိုပါမေးခွန်းကို တိုက်ရိုက်ဖြေဆိုခြင်းမရှိဘဲ ရှောင်လွှဲခဲ့သည်။            

     ၎င်းက ဘိုင်ဒင်သည် ရွေးကောက်ပွဲတွင် “အတည်ပြု (certified) ခံထားရသည့် အနိုင်ရသူ” ဖြစ်ကြောင်းသာ အသိ အမှတ်ပြုခဲ့ပြီး “အနိုင်ရရှိခဲ့သည်” ဟု တိုက်ရိုက်ပြောဆိုရန် ငြင်း ဆန်ခဲ့သည်။ ဤလုပ်ရပ်ကြောင့် ဒီမိုကရက်တစ်အမတ် ဂျွန် အော့စ်ဆော့ဖ်နှင့် မာ့ခ် ကယ်လီတို့က ၎င်း၏ ရိုးသားပွင့်လင်းမှုနှင့် ပတ်သက်၍ ပြင်းထန်စွာ ဝေဖန်ခဲ့ကြသည်။

     အထက်လွှတ်တော်အမတ် မာ့ခ် ကယ်လီက “ခင်ဗျားဟာ သမ္မတနဲ့ အခန်းထဲမှာ အမြဲရှိနေမှာဖြစ်ပြီး အမြင်ချင်း မတူညီတာတွေ ရှိသင့်တယ်။ အခုလို သာမန်မေးခွန်းတစ်ခုကိုတောင် မဖြေဆိုနိုင်ရင် သမ္မတနဲ့ မျက်နှာချင်းဆိုင် ထိုင်နေတဲ့အချိန်မှာ သူနဲ့ သဘောထားကွဲလွဲနိုင်ပါ့မလား” ဟု မေးခွန်းထုတ်ခဲ့သည်။

     အထက်လွှတ်တော် ဒီမိုကရက်တစ်အမတ် ချားလ်စ် ရှူးမားကလည်း “၂၀၂၀ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင် အနိုင်ရခဲ့တယ်ဆိုတာကို မဝန်ခံနိုင်ရင် ကျွန်တော်တို့နိုင်ငံရဲ့ ထောက်လှမ်းရေးအေ ဂျင်စီတွေကို ဘယ်လိုလုပ်ပြီး ဦး ဆောင်နိုင်မှာလဲ” ဟု လူမှုကွန် ရက် X မှတစ်ဆင့် ပြင်းထန်စွာ ဝေဖန်ခဲ့သည်။                    

    အဆိုပါဖြစ်စဉ်သည် ဒေါ်နယ်ထရမ့်က ၂၀၂၀ ရွေး ကောက်ပွဲတွင် မိမိအနိုင်ရခဲ့ကြောင်း အထောက်အထားမရှိဘဲ ပြောဆိုနေသည့် ကာလနှင့် တိုက်ဆိုင်နေသည်။ ဝေဖန်သူများက ကလေးတန်ကဲ့သို့သော ထိပ်တန်းအရာရှိများ သည် သမ္မတ၏ မှားယွင်းသော ပြောဆိုချက်များကို အားပေးအားမြှောက်ပြုလုပ်ခြင်းဖြင့် အမေရိကန် ထောက် လှမ်းရေးအဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည်ကို စိုးရိမ်လျက်ရှိကြသည်။               

Telegram»…  https://t.me/positiveanglenews

#PAN