
(နိုင်ငံတကာ) ဇူလိုင် ၁၂
အမေရိကန်တပ်ဖွဲ့များက အီရန်နိုင်ငံအတွင်းရှိ စစ်ရေးပစ်မှတ်များကို အကြီးစား လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် အီရန်ဘက်မှ တုံ့ပြန်သည့်အနေဖြင့် ပင်လယ်ကွေ့နိုင်ငံအချို့ကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ စနေနေ့ညမှ တနင်္ဂနွေနေ့ နံနက်အထိ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အမေရိကန် ဗဟိုကွပ်ကဲမှုဌာနချုပ် (CENTCOM) သည် အီရန်နိုင်ငံတစ်ဝန်းရှိ ဒုံးကျည်ပစ်လွှတ်စခန်းများ၊ ရေတပ်ပိုင်ဆိုင်မှုများနှင့် ကျည်ဆန်သိုလှောင်ရုံများအပါအဝင် စစ်ရေးပစ်မှတ် ၁၄၀ ခန့်ကို တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ကြေညာခဲ့သည်။ အဆို ပါတိုက်ခိုက်မှုအပြီး နာရီပိုင်းအတွင်းမှာပင် အီရန်ဘက်မှ ပင် လယ်ကွေ့နိုင်ငံများသို့ တုံ့ပြန်တိုက် ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ် သည်။
အာရပ်စော်ဘွားများပြည်ထောင်စု (UAE)၊ ကာတာ၊ ကူဝိတ်၊ အိုမန်နှင့် ဘာရိန်းနိုင်ငံတို့တွင် အီရန်၏ ပစ်ခတ်မှုများကို ကြုံတွေ့ခဲ့ရသည်။ ကာတာနိုင်ငံတွင် အစအနထိမှန်မှုကြောင့် ကလေးတစ်ဦးအပါအဝင် လူသုံးဦး ဒဏ်ရာရရှိခဲ့ပြီး၊ UAE နှင့် ဘာရိန်းနိုင်ငံတို့တွင်လည်း လေကြောင်းရန် ကာကွယ်ရေးစနစ်များဖြင့် ကြားဖြတ်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ရသည်။
အီရန်၏ အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC)ကမူ ကူဝိတ်နှင့် ဂျော်ဒန်နိုင်ငံရှိ အမေရိကန်အခြေ စိုက် စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

ယခုပဋိပက္ခ၏ အဓိကဗဟိုချက်ဖြစ်သော ဟော်မုဇ်ရေလက် ကြားကို အီရန်က ပိတ်ထားကြောင်း ကြေညာထားပြီး သင်္ဘောများ သွားလာမှုကို တင်းကျပ်စွာ ထိန်းချုပ်ထားသည်။ ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ အဓိကဖြတ်သန်းရာ ရေလမ်းကြောင်းဖြစ်သည့်အတွက် အဆိုပါပိတ်ဆို့မှုများ သည် ကမ္ဘာ့စွမ်းအင်စျေးနှုန်းများကို နှစ်ပေါင်းများစွာအတွင်း အမြင့်ဆုံးအထိ မြင့်တက်စေခဲ့သည်။
လက်ရှိတွင် သံတမန်ရေးအရ ဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း နှစ်နိုင်ငံစလုံး၏ ရပ်တည်ချက်များမှာ ပြင်းထန်လျက်ရှိသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စွမ်းအင်စျေးနှုန်း ကျဆင်းစေရန်နှင့် ၎င်း၏ ရွေးကောက်ပွဲဆိုင်ရာ လို အပ်ချက်များအတွက် တိုက်ခိုက်မှုများကို ခွင့်ပြုခဲ့သော် လည်း အီရန်ဘက်မှလည်း စစ်ရေးတုံ့ပြန်မှုများကို ရပ်တန့်ခြင်းမရှိသေးပေ။ အခြေအနေမှာ ပိုမိုရှုပ်ထွေးလာပြီး ဒေသတွင်း တည်ငြိမ်ရေးအတွက် စိုးရိမ်စရာ အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သည်။
ယခုနောက်ဆုံး တိုက်ခိုက်မှုများသည် အီရန်နှင့် အိုမန် နိုင်ငံ ခြားရေးဝန်ကြီးများက ဟော်မုဇ်ရေလက်ကြားအတွင်း ရေ ကြောင်းသွားလာရေးကိစ္စကို ဆွေးနွေးရန် စနေနေ့က တွေ့ဆုံပြီးနောက်ပိုင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
တနင်္ဂနွေနေ့တွင် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သော်လည်း အိုမန်နှင့် အီရန်အရာရှိများက ဟော်မုဇ်ရေလက်ကြားအတွင်း သွား လာရေးနှင့်ပတ်သက်၍ နည်းပညာနှင့် နိုင်ငံရေးဆိုင်ရာ ဆွေး နွေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော် တီဟီရန်သည် လွတ်လပ်စွာ ဖြတ်သန်းခွင့်အတွက် အာမခံချက် ပေးခြင်းမျိုးတော့ မလုပ်ဆောင်ခဲ့ပေ။
Telegram»… https://t.me/positiveanglenews
#PAN