ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေ ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးအား တွေ့ဆုံ၊ နှစ်နိုင်ငံဆက်ဆံရေးနှင့် အာဆီယံပူးပေါင်းဆောင်ရွက်မှုများ ဆွေး နွေး

(ပြည်တွင်း) ဇူလိုင် ၁၂                            

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အလွတ်သဘောအစည်း အဝေးသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့သို့ ရောက်ရှိနေသည့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ဇူလိုင်လ ၁၁ ရက်တွင် ထိုင်းနိုင်ငံ ဒုတိယဝန် ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဆီဟဆက် ဖူဝန်ကေ့ကဲ့ဝို့ (Mr. Sihasak Phuangketkeow) အား တွေ့ဆုံဆွေး နွေးခဲ့သည်။           

     တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့် ထိုင်းဒုတိယဝန်ကြီး ချုပ်တို့သည် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်နှင့် နယ်ပယ်အသီး သီးတွင် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်သွားရန်အတွက် အပြုသဘောဆောင်သည့် အမြင်ချင်းဖလှယ်မှုများ ပြုလုပ်ခဲ့ကြသည်။                

    အထူးသဖြင့် နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်ရေး၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှုများ ပိုမိုတိုးတက်စေရေးကိစ္စရပ်များကို အဓိကထား ဆွေးနွေးခဲ့ကြသည်။

      ထို့အပြင် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စည်းလုံးညီ ညွတ်မှုရှိစေရေးနှင့် ဒေသတွင်း တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များတွင် နှစ်နိုင်ငံပူးပေါင်း၍ အာဆီယံ၏ လုပ်ငန်းစဉ်များတွင် ပိုမိုတက်ကြွစွာ ပါဝင်ဆောင် ရွက်သွားရန် ကိစ္စရပ်များကိုလည်း အသေးစိတ် ဆွေးနွေးခဲ့ကြသည်။              

    အဆိုပါတွေ့ဆုံမှုသည် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြား နီးကပ် သော ပူးပေါင်းဆောင်ရွက်မှုကို ပြသသည့်အပြင် အာဆီယံအတွင်းပိုင်း တည်ငြိမ်ရေးအတွက်လည်း အရေးပါသော ခြေ လှမ်းတစ်ခုဖြစ်ကြောင်း သုံးသပ်ရသည်။            

Telegram»… https://t.me/positiveanglenews

#PAN