
(ပြည်တွင်း) ဇူလိုင် ၉
ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် ရွှေကုက္ကိုလ် ဒေသအတွင်း အွန်လိုင်းလောင်းကစားခြင်း၊ အွန်လိုင်းနည်းပညာသုံး လိမ် လည်ခြင်း(တယ်လီကွန်းလိမ်လည်မှု)နှင့် အခြားသော နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် တရုတ်နိုင်ငံသား စုစုပေါင်း ၂၃၉ ဦးကို သက်ဆိုင် ရာ အာဏာပိုင်များထံ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ လွှဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်သည်။ ယင်းလွှဲပြောင်းမှုကို မြန်မာ-ထိုင်း ချစ်ကြည် ရေးတံတား(၂) မှတစ်ဆင့် စနစ် တကျ ဆောင်ရွက်ခဲ့ခြင်း ဖြစ် သည်။
မြဝတီမြို့နယ်အတွင်းသို့ တရားမဝင် လမ်းကြောင်းများမှတစ် ဆင့် ဝင်ရောက်လာသည့် နိုင်ငံခြားသားများကို အာဏာပိုင်များက အရှိန်အဟုန်မြှင့် ဖမ်းဆီး နှိမ်နင်းလျက်ရှိသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့မှ စတင်ကာ ယခု ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့အထိ ကာလအတွင်း မြဝတီမြို့နယ်၌ တရားမဝင် ဝင်ရောက်နေထိုင်သည့် နိုင်ငံခြားသား စုစုပေါင်း ၁၄,၇၃၁ ဦးကို ဖမ်းဆီးထိန်းသိမ်းကာ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းသို့ စစ်ဆေးတွေ့ရှိရသူများအနက် ဥပဒေလုပ်ထုံး လုပ် နည်းများနှင့် ညီညွတ်သည့် နိုင်ငံခြားသား စုစုပေါင်း ၁၃,၈၁၁ ဦးကို ထိုင်းနိုင်ငံဘက်မှတစ်ဆင့် ၎င်းတို့၏ သက်ဆိုင်ရာ မိခင်နိုင်ငံများသို့ စနစ်တကျ ပြည်နှင်ဒဏ်ပေးခြင်းနှင့် လွှဲပြောင်းပေးအပ်ခြင်းများကို ပြီးစီးအောင် ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။
လက်ရှိတွင် မိခင်နိုင်ငံများသို့ လွှဲပြောင်းပေးအပ်ရန် ကျန်ရှိနေသေးသည့် နိုင်ငံခြားသား ၉၂၀ ဦး ရှိနေသေးရာ၊ ၎င်းတို့အနက် ၇၀၉ ဦးမှာ သာမန်တရားမဝင် ဝင်ရောက်မှု သက်သက်မဟုတ်ဘဲ လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုနှင့် မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေပြဋ္ဌာန်းချက်များ အပါအဝင် ပြင်းထန်သည့် ပြစ်မှုများ ကျူးလွန်ထားသဖြင့် သက်ဆိုင်ရာ ဥပဒေများဖြင့် တရားစွဲဆို အရေးယူထားကြောင်း သိရသည်။
ကျန်ရှိနေသည့် နိုင်ငံခြားသား ၂၁၁ ဦးကိုမူ ၎င်းတို့၏ သက် ဆိုင်ရာ မိခင်နိုင်ငံများသို့ ဘေးကင်းစွာ လွှဲပြောင်းပေးအပ်နိုင်ရန် ရက်စောင့်ဆိုင်းလျက်ရှိပြီး၊ ၎င်းတို့ကို သတ်မှတ်ထားသည့် နေရာများတွင် စနစ်တကျ ထိန်းသိမ်းထားရှိကာ ကျန်းမာရေးနှင့် စားသောက်နေထိုင်မှုများကို ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း အုပ်ချုပ်ရေးအာ ဏာပိုင်များထံမှ သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN