(မှုခင်း) ဇူလိုင် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ မိုင်းခတ်လမ်းရှိ ပရိဘောဂဆိုင်မှ ပြန်ပေးဆွဲခေါ်ဆောင်ခံခဲ့ရသည့် မိန်းကလေးငယ်သည် ဇူလိုင် ၇ ရက် ညနေပိုင်း၌ ပြန်လည်လွတ်မြောက်လာပြီး နေအိမ်သို့ ပြန်လည်ရောက်ရှိနေပြီကြောင်း သိရသည်။
အဆိုပါ မိန်းကလေးငယ်အား ဇူလိုင် ၂ ရက် မွန်းတည့် ၁၂ နာရီအချိန်ခန့်က ကျိုင်းတုံမြို့၊ အမှတ် (၅) ရပ်ကွက်၊ မိုင်းယန်းလမ်း၊ နွဲ့နောဘုန်းကြီးကျောင်းအနီး၊ မိုင်းခတ်လမ်းရှိ ပရိဘောဂနှင့် အိမ်သုံးပစ္စည်းအရောင်းဆိုင်တွင် ရှိနေစဉ် သေနတ်များ ကိုင်ဆောင်ထားသည့် အမျိုးသား လေးဦးက ဝင်ရောက်လာပြီး ဆိုင်ပိုင်ရှင်၏ သမီးဖြစ်သူ အမျိုးသမီးငယ်ကို အဖြူရောင် Mark X မော်တော်ယာဉ်ဖြင့် ပြန်ပေးဆွဲခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ မိန်းကလေးငယ်အား ပြန်ပေးဆွဲ ကျူးလွန်သူများအား ဖမ်းမိခြင်းမရှိသေးကြောင်း ၊စုံစမ်းမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

#PAN