
(နိုင်ငံတကာ) ဇူလိုင် ၈
ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း အမေရိကန်အသင်း၏ အဓိက တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန် (Folarin Balogun) ရရှိခဲ့သည့် အနီကတ်ပွဲပယ်ပြစ်ဒဏ်ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA)က မကြုံစဖူး ထူးဆန်းစွာ ပြန်လည်ပယ်ဖျက်ပေးခဲ့မှုအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်၏ နိုင်ငံရေးအရ ကြားဝင်စွက်ဖက်မှု ရှိခဲ့မရှိခဲ့ စစ်ဆေးရန်နှင့် ဖီဖာဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနို (Gianni Infantino)ကို အရေးယူစုံစမ်းရန် ဥရောပပါလီမန်အမတ်များက ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်ကြသည်။
အမေရိကန်အသင်းအတွက် ဂိုးအများဆုံးသွင်းပေးထားသည့် တိုက်စစ်မှူး ဘာလိုဂန်သည် ဇူလိုင် ၁ ရက်က ဘော့စနီးယားနှင့်ပွဲတွင် အနီကတ်ပြသခြင်းခံခဲ့ရသဖြင့် ပုံမှန်စည်းမျဉ်းအရ နောက်တစ်ပတ် ဘယ်လ်ဂျီယံနှင့်ပွဲကို လွဲချော်ရမည် ဖြစ် သည်။ သို့သော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ၎င်းနှင့် နှစ်ပေါင်းများစွာ ရင်းနှီးသည့် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုထံသို့ ဖုန်းဆက်သွယ်ခဲ့ပြီးနောက်တွင် ဖီဖာစည်းကမ်းထိန်းသိမ်းရေးကော်မတီက ဘာလိုဂန်၏ ပွဲပယ်ပြစ်ဒဏ်ကို အံ့ဩဖွယ်ရာ ရုပ် သိမ်းပေးခဲ့သည်။
ယင်းသည် ခေတ်သစ်ကမ္ဘာ့ဖလားသမိုင်းတွင် ပြိုင်ပွဲကျင်းပနေဆဲကာလအတွင်း အနီကတ်ပြစ်ဒဏ်ကို ကစားခွင့်ပြန်ပေးခဲ့သည့် ပထမဆုံးသော ဖြစ်စဉ်ဖြစ်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA)က “မကြုံစဖူး ထူးဆန်းပြီး၊ ဆင်ခြေပေး၍မရတဲ့ လုပ် ရပ်” ဟု ပြစ်တင်ရှုတ်ချခဲ့သည်။
ယူရိုနယူးစ် (Euronews)၏ အဆိုအရ ဥရောပပါလီမန်အမတ်များဖြစ်ကြသည့် ဘာရီ အန်ဒရူးစ်၊ လာရာ ဝိုးလ်တားစ်နှင့် နီးလ်စ် ဖုဂေါလ်ဆန်းတို့ ဦးဆောင်ကာ အခြားအမတ် ၃၅ ဦးနှင့်အတူ ဖီဖာဥက္ကဋ္ဌကို စုံစမ်းရန် ကန့်ကွက်လွှာ လက်မှတ်ရေးထိုးခဲ့ကြသည်။ ၎င်းတို့၏ ပူးတွဲကြေညာချက်တွင် “ပြိုင်ပွဲကျင်းပနေဆဲမှာ စည်းမျဉ်းကို လမ်းခုလတ်မှာ ပြောင်းလဲလိုက်တာဟာ အရှက်သိက္ခာမဲ့ပြီး တရားမျှတမှုကို ဖျက်ဆီးခြင်း (Perversion of justice) ဖြစ်ပါတယ်။ အင်ဖန်တီနိုနဲ့ ဖီဖာဟာ ထရန့်အစိုးရရဲ့ တောင်းဆိုမှုကို အရှုံးပေးလိုက်တာဖြစ်ပြီး နိုင်ငံရေးဖိအားတွေကြောင့် အား ကစားရဲ့ မျှတမှုစိတ်ဓာတ် လွင့်စင်သွားရပြီ” ဟု ဖော်ပြထားသည်။
သမ္မတထရန့်ကမူ ဘာလိုဂန်၏အနီကတ်မှာ ဆိုးရွားလွန်းသဖြင့် ဖီဖာထံ ပြန်လည်စိစစ်ပေးရန် တောင်းဆိုခဲ့သည်မှာ မှန် ကန်သော်လည်း မိမိအနေဖြင့် အင်ဖန်တီနိုကို အမိန့်ပေးခဲ့ခြင်းမရှိကြောင်းနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲကြီးတွင် အသင်းနှစ်ဖက်စလုံး၌ အကောင်းဆုံးကစားသမားများ ပါဝင်ခွင့်ရသင့် ၍ ပြောဆိုခြင်းသာဖြစ်ကြောင်း ကာကွယ်ပြောဆိုသည်။ (အဆိုပါပွဲစဉ်တွင် အမေရိကန်အသင်းသည် ဘာလိုဂန် ပါဝင်ကစားခဲ့သော်လည်း ဘယ်လ်ဂျီယံကို ၄ ဂိုး – ၁ ဂိုးဖြင့် ရှုံးနိမ့်ကာ ကမ္ဘာ့ဖလားမှ ထွက်ခွာခဲ့ရသည်)။
တစ်ဖက်တွင်လည်း ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ထရန့်နှင့် ဖုန်းပြောဆိုမှုကို ဝန်ခံခဲ့သော်လည်း အဆိုပါကိစ္စကို ဖီဖာ၏ လွတ် လပ်သော တရားစီရင်ရေးအဖွဲ့ကသာ စည်းမျဉ်းအတိုင်း ကိုင် တွယ်ခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။
သို့သော်လည်း ပြီးခဲ့သည့်နှစ်က ထရန့်အား ဖီဖာက “ငြိမ်း ချမ်းရေးဆု” ပေးအပ်ခဲ့ခြင်းနှင့် ယခုဖြစ်စဉ်တို့ကြောင့် ၎င်းတို့နှစ်ဦးအကြား ရင်းနှီးမှုအပေါ် ဥရောပအမတ်များက ဆက်လက်မေးခွန်းထုတ်နေကြသည်။
Telegram»…
https://t.me/positiveanglenews
#PAN