မီးဖိုမီးကြွင်းကြောင့် မိုင်းဖြတ်တွင် နေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံး

(မှုခင်း) ဇူလိုင် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ် ဟိုနားလားဟူကျေးရွာတွင် မီးဖို မီးကြွင်းမီးကျန်မှတဆင့် လူနေအိမ်နှစ်လုံး မီးလောင်မှုဖြစ်ပွားကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ဇူလိုင် ၈ ရက် နံနက် ၂ နာရီ ၃၀ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် (၂) စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၁၀ မိနစ်အချိန်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် လူနေအိမ်နှစ်လုံး ပျက်စီးဆုံးရှုံးခဲ့ပြီး မီးလောင်မှုအတွင်း လူနှင့် တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိခဲ့ကြောင်းလည်း သိရသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ဟိုနားလားဟူကျေးရွာနေ ဦးယောလှအား မိုင်းဖြတ်မြို့မရဲစခန်းက အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

#PAN