ကမ္ဘာ့အံ့ဖွယ်ဖြစ်စဉ်တစ်ခုအဖြစ် ယနေ့ဗုဒ္ဓဟူးနေ့တွင် ကမ္ဘာ့လူဦးရေ၏ ၉၉ ရာခိုင်နှုန်း (လူဦးရေ ၈.၂ ဘီလီယံခန့်) တစ်ပြိုင်နက်တည်း နေရောင်ခြည်ရရှိမည့်အချိန် ရောက်ရှိ

(နိုင်ငံတကာ) ဇူလိုင် ၈

    ကမ္ဘာကြီး၏ တိမ်းစောင်းမှုအချိုးအစားနှင့် မြောက်ဘက်ကမ္ဘာခြမ်း၏ နွေရာသီအချိန်ကိုက်ဖြစ်မှုတို့ကြောင့် ကမ္ဘာ့လူဦး ရေ၏ ၉၉ ရာခိုင်နှုန်းခန့် (လူဦးရေ ၈ ဒသမ ၂ ဘီလီယံခန့်) သည် ယနေ့ ဇူလိုင်လ ၈ ရက်၊ ဂရင်းနစ်စံတော်ချိန် (GMT) ၁၁:၁၀ နာရီခန့်(မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၄၀ မိနစ်)တွင် နေ့ခင်းဘက် သို့မဟုတ် ဆည်းဆာအလင်းရောင်ကို တစ်ပြိုင်နက်တည်း ကြုံတွေ့ရသည့် ထူးခြားသော သဘာဝဖြစ်စဉ်ကြီးတစ်ခု ပေါ် ပေါက်မည် ဖြစ်သည်။        

     အဆိုပါဖြစ်စဉ်သည် တစ်မိနစ်ခန့်သာ ကြာမြင့်သည့် အချိန်တိုလေးဖြစ်သော်လည်း ကမ္ဘာပေါ်တွင် လူဦးရေအထူထပ်ဆုံးဖြစ်သည့် မြောက်အမေရိက၊ တောင်အမေရိက၊ ဥရောပ၊ အာဖရိကနှင့် အာရှတိုက်အများစုတစ်ခွင်သို့ နေ့ခင်းဘက်အလင်းရောင် တစ်ပြိုင်နက် ရောက်ရှိသွားခြင်းဖြစ် သည်။

     ထိုအချိန်တွင် ကမ္ဘာ့လူဦးရေ၏ ၁ ရာခိုင်နှုန်း (လူဦးရေ ၈၃ သန်းခန့်) ရှိသည့် သြစတြေးလျ၊ နယူးဇီလန်၊ အရှေ့ တောင်အာရှ၏ အချို့အစိတ်အပိုင်းများနှင့် အန္တာတိက တိုက်တို့တွင်သာ ညအချိန်ဖြစ်ပြီး မှောင်မိုက်နေမည်ဖြစ် သည်။

    နက္ခတ်ဗေဒပညာရှင်များ၏ တွက်ချက်မှုအရ နေရောင် ခြည်ရောက်ရှိမည့် ထိုအချိန်တွင် လူဦးရေ ၆ ဒသမ ၉ ဘီလီယံခန့် (၈၃ ရာခိုင်နှုန်း) သည် လင်းထိန်နေသော “နေ့ခင်းဘက်အလင်း ရောင်” ကို အပြည့်အဝရရှိနေမည်ဖြစ်သည်။

     အခြား လူဦးရေ ၅၈၁ သန်း (၇ ရာခိုင်နှုန်း) မှာမူ မီးမလိုဘဲ အပြင်ထွက်နိုင်သည့် “အရပ်ဘက်ဆည်းဆာအချိန်” (Civil twilight)ကို ကြုံတွေ့ရမည်ဖြစ်ပြီး၊ ကျန်ရှိသော ကမ္ဘာ့ပြည်သူ ၉ ရာခိုင်နှုန်းခန့်မှာ ကောင်းကင်ယံပိုမှောင်သော်လည်း မိုးကုတ်စက်ဝိုင်းမြင်ရသည့် “ရေကြောင်းဆိုင် ရာဆည်းဆာ” (Nautical twilight) နှင့် အလင်းဖျော့ဖျော့သာကျန်သည့် “နက္ခတ်ဗေဒဆိုင်ရာဆည်းဆာ” (Astronomical twilight) အသီးသီးကို တစ်ပြိုင်နက် ခံစားရမည်ဖြစ်သည်။

ပုံမှန်အားဖြင့် ဇွန်လ နေအလှည့်အပြောင်းနေ့ (June Solstice) သည် မြောက်ဘက်ကမ္ဘာခြမ်း၏ နေ့တာအရှည်ဆုံးနေ့ ဖြစ်သော်လည်း ၎င်းနောက်ပိုင်းတွင် နေသည် တောင်ဘက်သို့ စတင်ရွေ့လျားသည်။ ထိုသို့ရွေ့လျားမှုကြောင့် လူဦးရေကျဲပါးသည့် မြောက်ဘက်စွန်းဒေသများတွင် နေ့တာတိုသွားသော် လည်း အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်ကဲ့သို့ လူဦးရေအလွန်ထူထပ် သော အရှေ့တောင်အာရှဒေသများဆီသို့ နေ့ခင်းဘက်အလင်း ရောင် ပိုမိုသက်ရောက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ထိုအပြောင်းအလဲငယ်ကြောင့် ဇွန်လထက် ယနေ့ ဇူလိုင် ၈ ရက်တွင် လူဦးရေ ၁၀ သန်းခန့် ပိုမိုကာ နေ ရောင်ခြည်ကို တစ်ပြိုင် နက် ရရှိခြင်းဖြစ်သည်။

     ဤဖြစ်စဉ်သည် နှစ်စဉ် မေလ ၁၈ ရက်မှ ဇူလိုင်လ ၁၇ ရက်ဝန်းကျင်အထိ ရက်ပေါင်း ၆၀ ခန့်အတွင်း နေ့စဉ် မိနစ်ပိုင်းမျှ ဖြစ်ပေါ်လေ့ရှိသော်လည်း ဇူလိုင်လ ၈ ရက်သည် အလင်းရောင်ထပ်တူကျမှု အများဆုံးရက်ဖြစ်ကြောင်း သိပ္ပံနည်းကျ Fact-check ပြုလုပ်ချက်များအရ သိရသည်။

Telegram»…
https://t.me/positiveanglenews

#PAN