တင်းမာမှုများရှိနေသည့်ကြားမှ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု လာမည့်သီတင်းပတ်အတွင်း အမေရိကန်သို့ လာရောက်ရန်ရှိနေကြောင်း သမ္မတထရမ့် ထုတ်ဖော်ပြောကြား

(နိုင်ငံတကာ) ဇူလိုင် ၅

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုတို့သည် လာမည့်သီတင်းပတ်အတွင်း အိမ်ဖြူတော်၌ တွေ့ဆုံဆွေးနွေးဖွယ်ရှိကြောင်း သမ္မတထရမ့်က အရိပ်အမြွက် ထုတ်ဖော်ပြောကြားလိုက်သည်။ ယခုခရီးစဉ်သည် အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်း၍ အီရန်အပေါ် စစ်မီးဖွင့်ခဲ့ပြီးနောက်ပိုင်း နေတန်ယာဟု၏ ပထမဆုံးအကြိမ် ဝါရှင်တန်ခရီးစဉ် ဖြစ်လာမည်ဖြစ်သည်။

     သမ္မတထရမ့်က သတင်းဌာနတစ်ခုဖြစ်သည့် Axios သို့ ပြောကြားရာတွင် အဆိုပါတွေ့ဆုံမှုကို နေတန်ယာဟုဘက်က တောင်းဆိုခဲ့ခြင်းဖြစ်ပြီး၊ ဇူလိုင်လ ၇ ရက်နှင့် ၈ ရက်နေ့များတွင် တူရကီနိုင်ငံ၊ အန်ကာရာမြို့၌ ကျင်းပမည့် နေတိုး(NATO) ထိပ်သီးအစည်းအဝေးမှ ၎င်းပြန်လည်ရောက်ရှိလာပြီးနောက်ပိုင်း တွေ့ ဆုံဖြစ်နိုင်ကြောင်း ခန့်မှန်းခဲ့သည်။      
     မကြာသေးမီက အီရန်နှင့် အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရန် ထရမ့်အစိုးရ၏ ကြိုးပမ်းမှုများကို အစ္စရေးက ကန့် ကွက်ခဲ့သည့်အပြင်၊ လက်ဘနွန်အပေါ် အစ္စရေး၏ ဆက် တိုက်တိုက်ခိုက်မှုများကြောင့် ခေါင်းဆောင်နှစ်ဦးအကြား လူသိရှင်ကြား သဘော ထားကွဲလွဲမှုများ ရှိခဲ့သည်။             

     သို့သော်လည်း ထရမ့်က ၎င်းတို့အကြား ဆက်ဆံရေးပြိုကွဲမှု သတင်းများကို ပယ်ချခဲ့ပြီး “ကျွန်တော်တို့ ဆက်ဆံရေး အရမ်းကောင်းပါတယ်။ (နေတန်ယာဟု) ဘယ်သူက ဆရာလဲဆိုတာ သူသိပါတယ်” ဟု ခပ်ပြတ်ပြတ် ပြောကြားခဲ့သည်။ ထို့ပြင် ၎င်းအနေဖြင့် လက်ဘနွန်အပေါ် အစ္စရေး ၏ စစ်ရေးလှုပ်ရှားမှုများကို စိတ်ပျက်မိသဖြင့် နေတန်ယာဟုအား ဖုန်းဖြင့် ပြင်းပြင်းထန် ထန် သတိပေးခဲ့ဖူးကြောင်းလည်း ဝန်ခံခဲ့သည်။                                   

     ထရမ့်၏ ဒုတိယအကြိမ် သမ္မတသက်တမ်းအတွင်း အမေရိကန်သည် အစ္စရေးနှင့်အတူ အီရန်အပေါ် ၂၀၂၅ ခုနှစ် ဇွန်လတွင် တစ်ကြိမ်၊ ယခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် တစ်ကြိမ် စစ်ပွဲနှစ်ခု ဆင်နွှဲခဲ့သည်။ သို့သော်လည်း လွှတ် တော်ခွင့်ပြုချက်မရှိဘဲ စစ် တပ်စေလွှတ်ခဲ့သည့် အဆိုပါနောက်ဆုံး ပဋိပက္ခသည် နိုင်ငံ တကာဥပဒေ ချိုးဖောက်ရာရောက်သည်ဟုဆိုကာ ပြင်းပြင်းထန် ထန် ဝေဖန်ခံနေရသည်။

  မကြာသေးမီက ထွက်ပေါ်ခဲ့သော Quinnipiac တက္ကသိုလ်၏ သဘောထားစစ်တမ်းတစ်ခုအရ အမေရိကန်မဲဆန္ဒရှင် ၆၀ ရာခိုင် နှုန်းက အီရန်နှင့်စစ်ပွဲသည် “မထိုက် တန်ကြောင်း” ခံစားရပြီး ၄၈ ရာခိုင်နှုန်းကမူ အမေရိကန် သည် အစ္စရေးအပေါ် ထောက်ခံမှု လွန်ကဲနေသည်ဟု ရှုမြင်ကြသည်။ အဆိုပါ လူထုထောက်ခံမှုနှုန်း ကျဆင်းလာခြင်းသည် လာမည့် နိုဝင်ဘာ ကြားဖြတ်ရွေး ကောက်ပွဲတွင် လွှတ်တော်ကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေသည့် ရီပတ်ဘလီကန်ပါတီအတွက် စိုးရိမ်စရာ အချက်ပြမှုတစ်ခု ဖြစ်လာသည်။

     ထရမ့်အစိုးရအဖွဲ့ကမူ အီရန်၏ နျူကလီးယားလက်နက် ရရှိမည့် အန္တရာယ်ကို တားဆီးရန် စစ်ပွဲအတွင်း ပါဝင်ခဲ့ခြင်းဖြစ် ကြောင်း ကာကွယ်ပြောဆိုထားပြီး ဧပြီလကတည်းက အပစ်ရပ်စဲရေး သဘောတူညီချက်များဖြင့် စစ်မီးကို လျှော့ချရန် ကြိုး ပမ်းနေသည်။ သို့သော်လည်း အစ္စရေး၏ လက်ဘနွန်တိုက်ခိုက်မှုများနှင့် ဟော်မုဇ်ရေလက်ကြား အပြန်အလှန် ပစ်ခတ်မှုများကြောင့် သဘောတူညီချက်များမှာ ပျက်ပြားလုနီးပါး ဖြစ်နေ သည်။                       

     အမေရိကန်သည် အစ္စရေးအား ကာလရှည်ကြာ စစ်ရေးအကူ အညီများစွာ ပေးအပ်ခဲ့သည့် အဓိက မဟာမိတ်ဖြစ်ပြီး မူဝါဒပိုင်း ပြောင်းလဲခြင်း မရှိသေးပေ။ အကယ်၍ ယခုခရီးစဉ် ဖြစ် မြောက်လာပါက ထရမ့်၏ ဒုတိယသက်တမ်းအတွင်း နေတန်ယာဟုအနေဖြင့် အမေရိကန်သို့ (၇) ကြိမ်မြောက် လာရောက်ခြင်းဖြစ်ပြီး၊ ထရမ့် သမ္မတရုံးခန်း ပြန်ထိုင်ကတည်းက မည်သည့်နိုင်ငံခေါင်းဆောင်မျှ ယခုကဲ့သို့ တရားဝင်အကြိမ်ရေအများဆုံး လာရောက်ခဲ့ခြင်း မရှိကြောင်း သိရသည်။                                     

Telegram»…
https://t.me/positiveanglenews

#PAN