တောင်ကြီးတွင် အမျိုးသား ၂ ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

(မှုခင်း) ဇွန် ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့တွင် အမျိုးသား ၂ ဦးထံမှ WY စာတမ်းပါ စိတ်ကြွရူးသွပ် ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၇ ရက်က တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်နေ စစ်သူရကျော် ၏ နေအိမ်အား တောင်ကြီးခရိုင်ရဲတပ်ဖွဲ့၊ မှုခင်းနှိမ်နင်းရေးတပ်ဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ရှာဖွေရာ ၎င်းထံမှ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀ ပြားပါ ၁၀ ထုပ်၊ စုစုပေါင်း ဆေးပြား ၂၀၀၀ ပြားအား ဖမ်းဆီးရခဲ့သည်။

အလားတူ တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်၌ ဇွန်လ၂၇ရက်နေ့ က လမ်းလျှောက်လာသူ အမျိုးသား တစ်ဦးထံမှ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀ ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိမှုနှင့်အတူ တရားခံများအား သက်ဆိုင်ရာ နယ်မြေရဲစခန်းများတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

#PAN