အမေရိကန်နှင့် ရက် ၆၀ လမ်းပြမြေပုံ သဘောတူပြီးနောက် အီရန်သမ္မတ ပီဇက်ရှ်ကီယန် ပါကစ္စတန်သို့ သွားရောက်၊ ဒေါ်လာ ၁၂ ဘီလီယံ အေးခဲရန်ပုံငွေကို လွှတ်ပေးရန် အမေရိကန်နှင့် သဘောတူညီမှုရရှိဟုဆို  

(နိုင်ငံတကာ) ဇွန် ၂၃      

  အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည့် အီရန်နိုင်ငံသည် ဆွစ်ဇာလန်နိုင်ငံ ဘာဂန်စတော့ခ်မြို့၌ ပြုလုပ်ခဲ့သော အဆင့်မြင့်ဆွေးနွေးပွဲ ပထမအကျော့အပြီးတွင် နောက် ဆုံးသဘောတူညီချက်ရရှိရေး ရက်ပေါင်း ၆၀ လမ်းပြမြေပုံတစ်ခုကို အောင်မြင်စွာ ချမှတ်နိုင်ခဲ့ကြောင်း သိရသည်။                                   

   အဆိုပါ ဆွေးနွေးပွဲအပြီး မရှေးမနှောင်းတွင် အီရန်သမ္မတ မာဆုဒ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian) သည် ၎င်း၏ သမ္မတသက်တမ်းအတွင်း အရေးအပါဆုံးသော သံတမန်ရေးရာခရီးစဉ်အဖြစ် ယနေ့အင်္ဂါနေ့တွင် ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘတ်မြို့သို့ အရောက်သွား ရောက်ကာ နိုင်ငံတော်အဆင့် ဆွေး နွေးမှုများ ပြုလုပ်မည်ဖြစ်သည်။

ယခုခရီးစဉ်သည် အမေရိကန်-အီရန် ဆွေးနွေးပွဲများတွင် အဓိကကြားဝင်စေ့စပ်ပေးခဲ့သည့် ပါကစ္စတန်ဝန်ကြီး ချုပ် ရှာဘတ်ဇ် ရှရစ်ဖ် (Shehbaz Sharif) နှင့် စစ်ဘက်၊ အရပ်ဘက်ခေါင်းဆောင်များကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကားဆိုရန် ဖြစ်သော်လည်း၊ တစ်ဖက်တွင်မူ ယခုရရှိထားသည့် နုနယ် သော သဘောတူညီချက်ကို အီရန်ပြည်တွင်းရှိ ဂိုဏ်းဂဏအုပ်စုများအကြား နိုင်ငံရေးအမြတ်အစွန်းအဖြစ် ပြောင်းလဲပစ်ရန် သမ္မတပီဇက်ရှ်ကီယန်အတွက် ပိုမိုလိုအပ်နေခြင်းဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြသည်။                       

     အီရန်၏ ထိပ်တန်းညှိနှိုင်းရေးမှူး မိုဟမ္မဒ် ဘာဂါ ဂါလီဘတ် (Mohammad Bagher Ghalibaf) ၏ အဆိုအရ အမေရိကန်တွင် အေးခဲထားသည့် အီရန်နိုင်ငံပိုင် ရန်ပုံငွေ အမေရိကန်ဒေါ် လာ ၁၂ ဘီလီယံကို ပြန်လည်ထုတ်ပေးရန် ဝါရှင်တန်နှင့် သဘော တူညီချက် ရရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။

      အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ကလည်း တီဟီရန်အနေဖြင့် နိုင်ငံတကာ နျူကလီးယားစစ်ဆေးမှုများကို ပြန်လည်ခွင့်ပြုရန် သဘောတူညီခဲ့ပြီး၊ ပြန်လည်ထုတ် ပေးမည့် အီရန်ပိုင်ဆိုင်မှုများကို အမေရိကန်၏ စိုက်ပျိုးရေးထွက်ကုန်များ ဝယ်ယူရာတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း အတည်ပြုခဲ့သည်။                 

     ထို့အပြင် အမေရိကန်သည် လာမည့် ဩဂုတ်လ ၂၁ ရက်နေ့အထိ အီရန်၏ ရေနံနှင့် ဓာတုဗေဒပစ္စည်းများ ကမ္ဘာ့စျေးကွက်သို့ ရောင်းချခွင့်ပြုရန် ပိတ်ဆို့အရေးယူမှုများကို ယာယီဖြေလျှော့ပေးခဲ့ရာ အီရန်အတွက် ကြီးမားသော စီးပွားရေးသက်သာရာရမှု ဖြစ်လာခဲ့သည်။                 

      ပါကစ္စတန်ခရီးစဉ်အတွင်း ကုန်သွယ်ရေး၊ စွမ်းအင်နှင့် နယ် စပ်လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ရန် ဆွေး နွေးကြမည်ဖြစ်ပြီး၊ အီရန်အနေဖြင့် မိမိတို့သည် အမေရိကန်၏ ဖိအားကြောင့် အညံ့ခံခြင်းမဟုတ်ဘဲ အချုပ် အခြာအာဏာရှိသည့် အနေအထားမှ ဒေသတွင်းမိတ်ဖက်များနှင့်အတူ ပါဝင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း ပြည် တွင်းကို သတင်းစကားပါးလိုပုံရသည်။                

     သို့သော်လည်း လေဘနွန်အရေးနှင့် ပတ်သက်၍ အစ္စလာမ်မာဘတ် နားလည်မှုစာချွန်လွှာ (MoU) တွင် ဒေသတွင်း ငြိမ်း ချမ်းရေးအတွက် အတိအကျဖော်ပြထားသော် လည်း၊ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu) ကမူ အစ္စရေးစစ်တပ်အနေဖြင့် လေဘနွန်တောင်ပိုင်းကို ဆက်လက်သိမ်းပိုက်ထားမည်ဖြစ်ပြီး ဟစ်ဇ်ဘိုလာ (Hezbollah) ၏ အခြေခံအောက်အဆောက်အအုံများကို အပြီး တိုင် “ဖျက်ဆီးပစ်မည်” ဟု ဆက်လက်ကြုံးဝါးနေဆဲဖြစ်ရာ ဝါရှင်တန်နှင့် တီဟီရန်တို့အကြား ရရှိထားသည့် နားလည်မှုကို အစ္စ ရေးက လေးစားလိုက်နာလာစေရန် အမေရိကန်က မည်မျှထိန်း ကျောင်းပေးနိုင်မည်ဆိုသည်မှာ ဆက်လက်စောင့်ကြည့်ရမည့် အကျပ် အတည်းတစ်ခုအဖြစ် ရှိနေသေးသည်။                

Telegram»…
https://t.me/positiveanglenews

#PAN