(မှုခင်း) ဇွန် ၂၂
ရန်ကုန်-မန္တလေးလမ်းမကြီးတွင် Expressခရီးသည်ယာဥ် နှစ်စီးတိုက်မှုဖြစ်ပွားကြောင်း သိရသည်။ ယနေ့နံနက်၃နာရီအချိန်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၁၁၇/၇ ဖာလုံတွင် ရတနာဖြိုး Express ယာဉ်အား နောက်မှ ရွှေမန္တလာ Express ယာဉ် ဝင်တိုက်မှုဖြစ်ပွားသဖြင့် ၁၁၅ မိုင် အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါဖြစ်စဉ်ကြောင့် ကျား(၆)ဉီး၊ ကိုရင်(၁)ပါး စုစုပေါင်း (၇)ဦးအနက် ကျား(၃)ဦးနှင့် ကိုရင်(၁)ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကျား(၃)ဦး သေဆုံးတို့အား ကြက်ခြေနီအသင်း၊ မြို့မလူမှုကူညီရေးအသင်းတို့မှ သူနာတင်ယာဉ်များဖြင့် ဖြူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။


#PAN