မလေးရှားထိန်းသိမ်းရေးစခန်းရှိ မြန်မာများ နေရပ်ပြန်ပို့ပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်မှုများရှိနေ၍ မိသားစုဝင်များ အထူးသတိပြုရန် ကွာလာလမ်ပူမြန်မာသံရုံး နှိုးဆော်ချက်ထုတ်ပြန်

(ပြည်တွင်း) ဇွန် ၂၂                                  

    မလေးရှားနိုင်ငံတစ်ဝန်းရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းအသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် မြန်မာ နိုင်ငံသားများအား ပြန်လည်လွှတ်ပေးရန် သို့မဟုတ် နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးရန် ကိစ္စရပ်များကို အကြောင်းပြ၍ အခွင့် အာဏာမရှိသည့် ပွဲစားများနှင့် လူပုဂ္ဂိုလ်တစ်စုက မိသားစုဝင်များထံမှ ငွေကြေးများ လိမ် လည်တောင်းခံနေမှုများ ရှိနေသဖြင့် မိသားစုဝင်များနှင့် လူထုအသိုင်းအဝိုင်းအနေဖြင့် အထူးသတိပြုကြရန် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးက သတိပေးနှိုးဆော်ချက်တစ်ရပ် ထုတ်ပြန်လိုက်သည်။             

     လက်ရှိတွင် မြန်မာသံရုံးသည် မလေးရှားနိုင်ငံတစ်ဝန်းရှိ လူ ဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း ၁၅ ခုတွင် ထိန်း သိမ်းခံထားရသည့် မြန်မာနိုင်ငံသားများ မိမိတို့မြန်မာနိုင်ငံသို့ ပြန် လည်ရောက်ရှိနိုင်ရေးအတွက် သက်ဆိုင်ရာ ဝန်ကြီး ဌာနများနှင့် စနစ်တကျ ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိသည်။ ဤလုပ်ငန်းစဉ်သည် မိမိသဘောဆန္ဒအလျောက် နေရပ်ပြန်ရန် လျှောက်ထားလာသူများကိုသာ အခမဲ့ တရား ဝင် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး မည်သည့်ပြင်ပပွဲစားကိုမျှ ခွင့်ပြုထားခြင်း မရှိကြောင်း သိရသည်။

   ၂၀၂၆ ခုနှစ်၊ ဇွန်လအတွင်းကလည်း ထိန်းသိမ်းခံ မြန်မာနိုင်ငံသား ၁၀၇ ဦးအား နိုင်ငံသားဖြစ်တည်မှု စိစစ်ခြင်းလုပ်ငန်းစဉ်များ ဆောင်ရွက်ခဲ့ရာ ၉၁ ဦးကို မည်သူမည်ဝါဖြစ်ကြောင်း သက် သေခံလက်မှတ် (CI) များ ထုတ်ပေးနိုင်ခဲ့ပြီး ကျန်ရှိသည့် ၁၆ ဦးကိုမူ ဆက်လက်စိစစ်လျက်ရှိသည်။

     သံရုံးအနေဖြင့် လုပ်ငန်းစဉ်များ ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် နိုင်ငံသားဖြစ်တည်မှု စိစစ်အတည်ပြုပြီးသည့် နိုင်ငံသားများစာရင်း၊ နေရပ်ပြန်မည့် နေ့ရက်၊ အချိန်နှင့် လေကြောင်းခရီးစဉ် (Flight) အသေးစိတ်အချက်အလက်များကို မြန်မာသံရုံး၏ တရားဝင် ဖေ့စ်ဘွတ်ခ် (Facebook) စာမျက်နှာတွင် အချိန်နှင့်တစ်ပြေးညီ လူသိရှင်ကြား ထုတ်ပြန်ကြေညာပေးလျက်ရှိသည်။

        ယင်းသို့ ထုတ်ပြန်ပေးခြင်းမှာ မိသားစုဝင်များ သတင်းအချက်အလက်မှန် သိရှိပြီး လေဆိပ်တွင် လာရောက်ကြိုဆိုနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သော်လည်း၊ အဆိုပါ ထုတ်ပြန်ချက်များကို အသုံးချကာ အခွင့်အာဏာမရှိသူများက မိသားစုများထံ ဆက်သွယ်၍ ငွေကြေးတောင်းခံနေကြောင်း ခံရသူများ၏ တိုင်ကြားချက်အရ သိရှိရသဖြင့် ပြည်သူများအနေဖြင့် ယင်းကဲ့သို့သော ငွေညှစ်လိမ်လည်မှုပုံစံ(Scams)များကို လုံးဝမယုံကြည်ဘဲ အထူးဂရုပြု စောင့်ကြည့်ကြရန် မြန်မာသံရုံးက တိုက်တွန်းနှိုး ဆော်ထား သည်။

Telegram»…
https://t.me/positiveanglenews

#PAN