
(နိုင်ငံတကာ) ဇွန် ၁၈
စစ်ပွဲအားလုံးကို အဆုံးသတ်ရန် အမေရိကန်ပြည် ထောင်စုနှင့် အီရန်နိုင်ငံတို့အကြား လာမည့်သောကြာနေ့တွင် တရားဝင်လက်မှတ်ရေးထိုးမည့် သဘောတူညီချက်တစ်ခု ရရှိထားသော် လည်း လေဘနွန်တောင်ပိုင်းရှိ မြို့ကြီးများကို ပစ်မှတ်ထားသည့် အစ္စရေး၏ လေကြောင်းနှင့် ဒရုန်းတိုက်ခိုက်မှုများမှာ ဆက် လက်ပြင်းထန်နေဆဲ ဖြစ် သည်။
လက်ဘနွန်အမျိုးသားသတင်းအေဂျင်စီ(NNA)၏ ဗုဒ္ဓဟူး နေ့ ထုတ်ပြန်ချက်အရ အစ္စရေးဒရုန်းများသည် တိုင်ယာ (Tyre) မြို့တွင် သုံးကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့၍ လူထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့သည့်အပြင် နာဘာတီးယား (Nabatieh)ခရိုင်အတွင်းရှိ မြို့စွန်များနှင့် ကုန်းမြင့်များကိုလည်း လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ဆက်လက်ဗုံးကြဲခဲ့သည်။ ယင်းတိုက်ခိုက်မှုများကြောင့် နာဘာတီးယားတွင် အရပ်သားအနည်းဆုံး လေးဦး သေဆုံးခဲ့ရသည်။
တစ်ချိန်တည်းမှာပင် ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမားများကလည်း အစ္စရေးတပ်ဖွဲ့များထံသို့ ဒုံးကျည်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး လေဘနွန်တောင်ပိုင်းရှိ အစ္စရေးတပ်စခန်းအနီး ဖောက်ခွဲရေးဒရုန်းများ ပေါက်ကွဲခဲ့၍ အစ္စရေးစစ်သား ငါးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးစစ်တပ်က အတည် ပြုခဲ့သည်။
ကုလသမဂ္ဂပြောရေးဆိုခွင့်ရှိသူ စတီဖန် ဒူဂျာရစ်၏ အဆိုအရ နှစ်ဦးနှစ်ဖက် ပစ်ခတ်မှုအရေအတွက်သည် ယခင်အပတ်ထက် ကျဆင်းသွားသော်လည်း အစ္စရေးဘက်မှ ပစ်ခတ်မှု ၁၆၉ ကြိမ်နှင့် ဟစ်ဇ်ဘိုလာဘက်မှ ၅ ကြိမ် ဆက်လက်ရှိနေခဲ့သည်။
ယခုတိုက်ပွဲများသည် အမေရိကန်-အစ္စရေးတို့၏ အီရန်အပေါ်ဆင်နွှဲသည့် စစ်ပွဲအတွင်း ရရှိထားသည့် မူဘောင်သဘော တူညီချက် (framework agreement) အတွက် အကြီးမားဆုံး စိန်ခေါ်မှု ဖြစ်လာသည်။ အီရန်နိုင်ငံက ပြီးခဲ့သည့် နှစ်ရက်အတွင်း အစ္စရေးစစ်တပ်သည် လေဘနွန်၌ အပစ်အခတ်ရပ်စဲရေးကို ၈၄ ကြိမ်တိုင်တိုင် ချိုးဖောက်ခဲ့ကြောင်း စွပ်စွဲထားပြီး၊ တိုက်ခိုက်မှုများ မရပ်တန့်ပါက “ပြင်းထန်သော တုံ့ပြန်မှု” နှင့် ရင်ဆိုင်ရလိမ့်မည်ဟု သတိ ပေးထားသည်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရတ်ဂ်ချီ က လေဘနွန်နယ်မြေအတွင်းမှ အစ္စရေးစစ်တပ် ရုတ်သိမ်းပေးရေးသည် အမေရိကန်နှင့် ရရှိထားသည့် သဘောတူညီချက်ကို ရှေ့ ဆက်ရန် အဓိကတောင်းဆိုချက်ဖြစ်ကြောင်း အခိုင်အမာဆို သည်။
တစ်ဖက်တွင်လည်း အစ္စရေးနှင့် လေဘနွန်သံတမန်များ သည် ဝါရှင်တန်ဒီစီတွင် သီးခြားတိုက်ရိုက်ဆွေးနွေးမှု ၄ ကြိမ် ပြုလုပ်ခဲ့ပြီး လာမည့် ဇွန်လ ၂၂ ရက်တွင် ထပ်မံတွေ့ဆုံရန် ရှိနေကာ၊ လေဘနွန်သမ္မတ ဂျိုးဇက်အောင် ကမူ ယင်းဆွေးနွေးပွဲသည် အမေရိကန်-အီရန် သဘောတူညီချက်နှင့် သီးခြားစီဖြစ် ကြောင်း ပြောကြားခဲ့သည်။
ပြီးခဲ့သည့် မတ်လ ၂ ရက်နေ့မှစ၍ အစ္စရေး၏ အကြီး အကျယ်ထိုးစစ်ဆင်မှုကြောင့် လေဘနွန်တွင် လူပေါင်း ၃,၈၀၀ ကျော် သေဆုံးကာ ၁ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရသည်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့ (Amnesty International) က အစ္စရေးစစ်တပ်သည် လေဘနွန်နိုင်ငံ၏ ၆ ရာခိုင်နှုန်းခန့်ကို “မသွားရနယ်မြေ” အဖြစ် တိုးမြှင့်သတ်မှတ်ပြီး အရပ်သားများကို နေရပ်ပြန်ခွင့်တား ဆီးကာ အလုံးအရင်းဖြင့် အဓမ္မရွှေ့ပြောင်းခိုင်းနေခြင်းသည် နိုင်ငံတကာဥပဒေအရ “စစ်ရာဇဝတ်မှု (War Crimes)” မြောက်ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြင်းထန်စွာ ဝေဖန်ဆန်းစစ်ချက် ထုတ်ပြန်ခဲ့သည်။
Telegram»…
https://t.me/positiveanglenews
#PAN