(မှုခင်း) ဇွန် ၁၇
တနင်္သါရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့မှ ထိုင်းနိုင်ငံ ရန်နောင်းမြို့သို့ ပဲ့ချိတ်စက်လှေဖြင့် လိုက်ပါလာသည့် ခရီးသည်အမျိုးသမီးထံမှ မူးယစ်ဆေးဝါးများဖမ်းဆီးရမိကြောင်း သိရသည်။
ဇွန် ၁၆ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် လှေမောင်း ခင်မောင် ၄၀ နှစ်၊(ဘ)ဦးမောင်ဝင်း ၊ မင်္ဂလာတောင် ညွန့်လမ်း အဏ္ဏဝါရပ်ကွက်၊ ကော့သောင်းမြို့နေသူနှင့် လှေနောက်လိုက် ကျော်သက် ၃၀ နှစ် ဖန်ဖလားရပ်ကွက်၊ ရနောင်းမြို့ နေသူတို့လိုက်ပါမောင်းနှင်သည့် KT-107 ပဲချိတ်စက်လှေတွင် ကော့သောင်းမြို့မှ ရနောက်မြို့သို့သွား ရောက်မည့်ခရီးသည် မစုစန္ဒီလှဝေ ၃၃ နှစ် (ဘ)ဦးလှဝေ၊ ဆုဂေါက်သီးအရောင်းဆိုင်၊တောဝင် ၁ လမ်း၊ အေးရိပ်ငြိမ်ရပ်ကွက်၊ကော့သောင်းမြို့ တို့လိုက်ပါလာသည့်ပဲ့ချိတ် စက်လှေအား ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ ရေလယ်ကျောက်ပုံဆိပ်တွင် ပူးပေါင်း စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးစဉ် မစုစန္ဒီလှဝေ ၏ ဘေးလွယ်အိတ်နှင့် ပဲကြီလှော်ထည့်ထား သည့်အိတ်အတွင်းမှ ICE မူးယစ်ဆေးဝါး ၁ကီလိုဂရမ် ခန့်နှင့်အတူ တွေ့ရှိသဖြင့် ဖမ်းဆီးမိကြောင်း သိရသည်။
အဆိုပါ ICE မူးယစ်ဆေးဝါး သယ်ဆောင်လာသူ ကျား ၂ ဦးနှင့် မ ၁ ဦးတို့အား ပါနန်နယ်မြေ၊ ဖန်ဖလားရပ်ကွက်ရှိ ပါနန်ရဲစခန်းတွင်ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။

#PAN