
(မှုခင်း) ဇွန် ၁၇
မွန်ပြည်နယ်၊ သထုံမြို့တွင် ဆိုင်ကယ်နှစ်စီး ဆိုင်ကယ်စလစ်ဖြစ်ပြီး တိမ်းမှောက်ရာမှ အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၅ ရက်နေ့ ည ၁၀ နာရီ ၂၀ မိနစ်အချိန်ခန့်က သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်၊ ဘင်လှိုင်အာက်လမ်းတွင် ဆိုင်ကယ် နှစ်စီး အရှေ့နောက် နှစ်စီးမောင်နှင်ခဲ့ရာ အရှေ့မှမောင်းနှင်သွားသောဆိုင်ကယ်မှာ မီးတိုင်နှင့် တိုက်မိ၍ စလစ်ဖြစ်ပြီးတိမ်းမှောက်ခဲ့ရာနောက်မှ လိုက်လာသော ဆိုင်ကယ်မှာ အလျှင်အမြန် ဘရိတ်အုပ်လိုက်၍ ထပ်မံတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အမျိုးသား သုံးဦးကို အဖြူရောင်နှလုံးသားအသင်းမှ လူနာတင်ယာဉ် နှစ်စီးဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား သုံးဦးအနက် တစ်ဦးမှာ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ပြီး တစ်ဦးမှာ စိုးရိမ်ရဒဏ်ရာဖြင့် ဆေးကုသမှုခံနေရကာ ကျန်တစ်ဦးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာရရှိခဲ့ကြောင်း သိရသည်။