ဒေသတွင်းလက်နက်ကိုင်အကြမ်းဖက်အဖွဲ့တဖွဲ့၏ တိုက်ခိုက်မှုကြောင့် Local PDF ခေါင်းဆောင် သေဆုံး

(ပြည်တွင်း) ဇွန် ၁၇

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောင်မာတောရွာနှင့် ပလ္လင်ရွာကြားတွင် စခန်းကိုပြန်လာသည့် Local PDF ခေါင်းဆောင် လင်မယားနှစ်ဦးအား ဒေသတွင်းလက်နက်ကိုင်တပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၁ ရက်နေ့ ညပိုင်းအချိန်က Local PDF ခေါင်းဆောင် လင်းယုန်နှင့် ဇနီးဖြစ်သူတို့သည် ဆိုင်ကယ် တစ်ယောက်တစ်စီးစီဖြင့် စခန်းသို့ပြန်လာစဥ် ဒေသတွင်းအကြမ်းဖက်လက်နတ်ကိုင်အဖွဲ့တဖွဲ့မှ လမ်းခရီးတွင် စောင့်ကြို ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် Local PDFအကြမ်းဖက် ခေါင်းဆောင် လင်းယုန်သည် သွေးထွက်လွန်ဒဏ်ရာများနှင့် သေဆုံးသွားခဲ့ပြီး ဇနီးဖြစ်သူမှာ အသက်မသေပဲ လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။