သမိုင်းဝင်ခေတ်သစ်- အမေရိကန်နှင့် အီရန် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိ၊ ဟော်မုဇ်ရေလက်ကြားကို အခွန်မဲ့ ချက်ချင်းပြန်ဖွင့်ရန် သမ္မတထရမ်ပ် အမိန့်ပေး

(နိုင်ငံတကာ) ဇွန် ၁၅

     အမေရိကန်ပြည်ထောင်စုနှင့် အစ္စလာမ္မစ်သမ္မတ အီရန်နိုင်ငံတို့အကြား ကာလရှည်ကြာဖြစ်ပွားနေသော စစ်ရေးပဋိ ပက္ခများနှင့် ရန်လိုမှုများကို ချက်ချင်းနှင့် အပြီးတိုင် အဆုံး သတ်စေမည့် အပစ်အခတ်ရပ်စဲရေး ငြိမ်းချမ်းရေးသဘော တူညီချက်တစ်ရပ် (သဘောတူညီချက်နားလည်မှုစာချွန်လွှာ) ရရှိသွားပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ပ်က တရားဝင်ကြေညာခဲ့သည်။

     အဆိုပါရလဒ်ကြောင့် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်ကတည်း က ပိတ်ဆို့ထားခဲ့ရသည့် ကမ္ဘာ့အရေးအပါဆုံး ရေ နံသယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေ လက်ကြား (Strait of Hormuz)ကို အခွန်အခ ကန့်သတ် ချက်မရှိဘဲ ချက် ချင်းပြန်လည်ဖွင့်လှစ်ရန်နှင့် အမေရိကန်ရေတပ်၏ ပိတ်ဆို့ထားမှုများကို ရုပ်သိမ်းရန် သမ္မတထရမ်ပ်က အမိန့်ပေးလိုက်ပြီဖြစ် သည်။

     ယခုသဘောတူညီချက်ရရှိမှုကို ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်ဇ် ရှရစ်ဖ်က ၎င်း၏ X လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပထမဆုံးအကျဉ်းချုပ်ထုတ်ပြန်ခဲ့ပြီး၊ နောက်ပိုင်းတွင် အီရန်နိုင်ငံခြားရေးဒုတိယဝန်ကြီး ကာဇင် ဂါရီဘာဘာဒီကလည်း ထပ် မံအတည်ပြုခဲ့သည်။

Pakistani Prime Minister Shehbaz Sharif announced the ceasefire agreement on X [Tingshu Wang – Pool/Getty Images]

     ဝန်ကြီးချုပ် ရှရစ်ဖ်၏ အဆိုအရ ယခုငြိမ်းချမ်းရေးသဘော တူညီချက်သည် လက်ဘနွန်စစ်မျက်နှာအပါအဝင် နေရာအနှံ့ အပြားရှိ စစ်ရေးလှုပ်ရှားမှုအားလုံးကို အပြီးတိုင်ရပ်စဲစေမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကြားဝင်စေ့စပ်မှုဖြစ်စဉ်တွင် ပါကစ္စတန်နှင့်အတူ ကာတာနိုင်ငံတို့က အဓိကဦးဆောင်ခဲ့ပြီး ဆော်ဒီအာရေဗျနှင့် တူရကီနိုင်ငံတို့ကလည်း အားတက်သရော ပံ့ပိုးကူညီခဲ့ကြသည်။

     ယခုသဘောတူညီချက်အတွက် တရားဝင် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို လာမည့် ဇွန် ၁၉ ရက် (သောကြာနေ့)တွင် ဆွစ်ဇာလန်နိုင်ငံ၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

     တနင်္ဂနွေနေ့တွင် အသက် ၈၀ ပြည့်ခဲ့သည့် သမ္မတထရမ်ပ်က ၎င်း၏ Truth Social ကွန်ရက်တွင် “အီရန်နဲ့ သဘော တူညီချက်ဟာ အပြည့်အဝ ပြီးမြောက်သွားပါပြီ။ ကမ္ဘာ့သင်္ဘောအပေါင်းတို့၊ အင်ဂျင်တွေကို နှိုးကြပါတော့။ ရေနံတွေကို စီးဆင်းခွင့်ပြုလိုက်ပါ! ဒီကြီးကျယ်တဲ့ သဘောတူညီချက်ဟာ ဒေသတစ်ခုလုံးဆီ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို သယ်ဆောင်လာပေးလိမ့်မယ်” ဟု ရေးသားခဲ့သည်။

     အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ် (JD Vance) ကလည်း ယခုဖြစ်စဉ်သည် အရှေ့အလယ်ပိုင်းဒေသအတွက် “ခေတ် သစ်တစ်ခု” ကို အချက်ပြနေပြီး အီရန်အနေဖြင့် နျူကလီး ယားလက်နက် ဘယ်တော့မှ ပိုင်ဆိုင်ခွင့်ရတော့မည်မဟုတ်ကြောင်း ယုံကြည်စိတ်ချစွာ ပြောဆိုနိုင်ပြီဖြစ်၍ ကမ္ဘာ့စွမ်း အင်ဈေးနှုန်းများ ကျဆင်းလာမည်ဟု မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

     တစ်ဖက်တွင်လည်း နိုင်ငံတကာခေါင်းဆောင်များဖြစ်ကြသည့် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာနှင့် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်တို့က ယခုသံတမန်ရေးရာအောင်မြင်မှုကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြပြီး ဟော်မုဇ်ရေလက်ကြားအတွင်း ရေကြောင်းသွားလာမှု အမြန်ဆုံးပုံမှန်ပြန်ဖြစ်စေရန် ဗြိတိန်-ပြင်သစ် နိုင်ငံတကာမစ်ရှင်အဖွဲ့က ကူညီပံ့ပိုးရန်နှင့် မိုင်းများဖယ်ရှားရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

     ထို့ပြင် ပြင်သစ်နိုင်ငံအနေဖြင့် လက်ဘနွန်နိုင်ငံ၏ အချုပ် အခြာအာဏာနှင့် တည်ငြိမ်ရေးအတွက် ဆက်လက်ပံ့ပိုးကူညီသွားမည်ဟု ကတိပြုခဲ့သည်။ ယခုသဘောတူညီချက်ကြောင့် ကမ္ဘာ့စီးပွားရေးနှင့် စွမ်းအင်ဈေးကွက်အပေါ် သက်ရောက်နေသည့် စိုးရိမ်မှုများ လျော့ကျသွားမည်ဟု မျှော်လင့်ရသည်။

Telegram»…
https://t.me/positiveanglenews

#PAN