G7 ထိပ်သီးအစည်းအဝေးမတိုင်မီ ဂျီနီဗာတွင် လူပေါင်း ၂ သောင်းခန့် အပြင်းအထန် ဆန္ဒပြ၊ ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ပြီး အဓိကရုဏ်းဖြစ်ပွား

(နိုင်ငံတကာ) ဇွန် ၁၅

     အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ပ်နှင့် ကမ္ဘာ့အင်အားကြီးနိုင်ငံများမှ ခေါင်းဆောင်များ တက်ရောက်မည့် ဂျီဆဲဗင်း (G7) ထိပ်သီးအစည်းအဝေးကို ပြင်သစ်နိုင်ငံ အီဗီယန်မြို့တွင် စတင်ကျင်းပရန် ပြင်ဆင်နေစဉ်၊ အနီးနားရှိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ အခြေခံလူတန်းစားများနှင့် တက်ကြွလှုပ်ရှားသူ လူဦးရေ ၂၀,၀၀၀ ခန့်က G7 အဖွဲ့၏ မူဝါဒများကို ဆန့်ကျင်ကြောင်း ပြင်း ပြင်းထန်ထန် လမ်းမထွက်ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ဆုံကာ အဓိကရုဏ်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

     တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် အဆိုပါ ဆန္ဒပြချီတက်ပွဲကို ပါလက်စတိုင်းအခွင့်အရေး လှုပ်ရှားသူများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်သူများနှင့် အမျိုး သမီးအခွင့်အရေး အဖွဲ့အစည်းပေါင်း ၆၀ ကျော် ပါဝင်သော “No-G7” မဟာမိတ်အဖွဲ့က ဦးဆောင်ခဲ့ခြင်း ဖြစ် သည်။

  B  မဟာမိတ်အဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ဖရန်ဆွားစ် နစ်ဖ်လာ (Francoise Nyffeler) က “ကျွန်မတို့ဟာ မစ္စတာထရမ်ပ်နဲ့ အခြား G7 ခေါင်းဆောင်တွေရဲ့ မူဝါဒတွေကို သိပ်စိုးရိမ်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ နေရာအနှံ့မှာ စစ်ပွဲတွေ ဖန် တီးနေကြပြီး ကမ္ဘာကြီးကို အန္တရာယ်ထဲ တွန်းပို့နေလို့ပါပဲ” ဟု ပြောကြားခဲ့သည်။ ဆန္ဒပြသူများသည် G7 အဖွဲ့အား “ချမ်းသာသူများ ပိုမိုချမ်းသာလာပြီး ဆင်းရဲသူ များ ပိုမိုဆင်းရဲလာစေသည့် သူဌေးကလပ်” အဖြစ် ပြစ်တင်ရှုတ်ချခဲ့ကြသည်။

ချီတက်ပွဲအတွင်း မျက်နှာဖုံးစွပ် အနက်ရောင်ဝတ်စုံဝတ် ဆန္ဒပြသူအများအပြားက လမ်းကြောင်းတစ်လျှောက်ရှိ ကုလသမဂ္ဂ နိုင်ငံတကာ တယ်လီကွန်းသမဂ္ဂ (ITU) ရုံးများနှင့် Pricewater-houseCoopers (PwC) လုပ်ငန်းစု အဆောက် အအုံတို့ကို ပစ်မှတ်ထားကာ ကျောက်ခဲများ၊ ပုလင်းများနှင့် မီးရှူးမီးပန်းများဖြင့် ပစ်ပေါက်တိုက်ခိုက်ခဲ့ကြသည်။ ထို့ကြောင့် အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့က မျက်ရည် ယိုဗုံးများနှင့် ရေအမြောက်များ အသုံးပြုကာ ညပိုင်းအထိ အပြင်းအထန် ဖြိုခွဲခဲ့ရသည်။

     ပြင်သစ်နှင့် ဆွစ်ဇာလန်အာဏာပိုင်များသည် အစည်းအဝေးကျင်းပမည့် အီဗီယန်-လဲ့စ်-ဘိန်းစ်(Evian-les-Bains)မြို့ ပတ် ဝန်းကျင်တွင် ရဲတပ်ဖွဲ့ဝင် အင်အားထောင် ပေါင်းများစွာကို အရေးပေါ်ဖြန့်ကြက်ထားပြီး လမ်းများကို ပိတ်ဆို့ကာ ခွင့်ပြု ချက်မရှိဘဲ စုဝေးခြင်းများကို တားမြစ်ထားသည်။

    ယခုနှစ် G7 ထိပ်သီးအစည်းအဝေးသည် ကမ္ဘာလုံးဆိုင်ရာ အခွန်တိုးမြှင့်မှုများ၊ အမေရိကန်-အစ္စရေး၏ အီရန်အပေါ် စစ်ပွဲဆင်နွှဲမှုနှင့် ရာသီဥတုအကျပ်အတည်းများအပေါ် ထရမ်ပ်၏ ဦးဆောင်မှုအပေါ် နိုင်ငံတကာက မကျေနပ်မှုများ မြင့်တက်နေချိန်တွင် ကျင်းပခြင်းဖြစ်သည်။

     အထူးသဖြင့် ကမ္ဘာ့အာဏာစက် ဖွဲ့စည်းပုံ ပြောင်းလဲလာပြီး အိန္ဒိယ၊ ရုရှားနှင့် တရုတ်တို့ ဦးဆောင်သည့် ဘရစ်ခ်စ် (BRICS) အုပ်စုက အဖွဲ့ဝင် ၁၁ နိုင်ငံအထိ နှစ်ဆတိုးမြှင့်ကာ အားကောင်းလာချိန်တွင် ကမ္ဘာ့လူဦးရေ၏ ၁၀ ပုံ ၁ ပုံသာရှိပြီး ကမ္ဘာ့ GDP စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းမှ ၄၀ ရာ ခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သော G7 အဖွဲ့၏ တရားဝင်ကိုယ်စားပြုမှုအပေါ် ပိုမိုမေးခွန်း ထုတ်စရာ ဖြစ်လာကြောင်း သုတေသီများက ထောက်ပြထားကြသည်။

Telegram»…
https://t.me/positiveanglenews

#PAN