
(နိုင်ငံတကာ) ဇွန် ၁၅
ရက်ပေါင်း ၁၀၀ ကျော်ကြာ ဖြစ်ပွားခဲ့သော ရန်လိုမှုများနှင့် စစ်ရေးတင်းမာမှုများအပြီးတွင် အမေရိကန်ပြည် ထောင်စုနှင့် ယာယီနားလည်မှုစာချွန်လွှာ (Interim Agreement) လက်မှတ်ရေးထိုးနိုင်မည့် အလားအလာများကြောင့် အီရန်နိုင်ငံ၏ စီးပွားရေးစျေးကွက်များ သိသိသာသာ ပြန်လည်ဦးမော့လာသော် လည်း၊ အီရန်ပြည်တွင်းရှိ အစွန်းရောက်ဝါဒီများနှင့် အစ္စရေးနိုင်ငံတို့ဘက်ကမူ ယင်းသဘောတူညီချက် ပျက်ပြားသွားစေရန် နောက်ဆုံးအချိန်အထိ ပြင်းပြင်းထန်ထန် ကန့်ကွက်တွန်းလှန်လျက်ရှိကြောင်း သိရသည်။

ကမ္ဘာ့ခေါင်းဆောင်များနှင့် ကြားဝင်စေ့စပ်ပေးသူများဖြစ်သည့် ကာတာကိုယ်စားလှယ်အဖွဲ့သည် သဘောတူညီချက် ပထမအဆင့်ကို လက်မှတ်ရေးထိုးနိုင်ရေး ဆွေးနွေးရန် တနင်္ဂနွေနေ့က တီဟီရန်မြို့သို့ ရောက်ရှိလာခဲ့ကြသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ်ပ်ကလည်း အဆိုပါသဘော တူညီချက်ကို တနင်္ဂနွေနေ့တွင် လက်မှတ်ရေးထိုးမည်ဟု ပြောကြားထားရာ၊ ယင်းသတင်းကြောင့် လှုပ်ခတ်နေသော အီရန်ပြင်ပငွေကြေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် အီရန်ရီယဲလ် ၁.၆၈ သန်းအောက်အထိ ကျဆင်းကာ အီရန်ငွေကြေး ပြန် လည်အားကောင်းလာခဲ့သည်။
ထို့ပြင် ပြည်တွင်းရွှေစျေးနှုန်း ၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ပြီး၊ ကာလရှည်ပိတ်ထားခဲ့ရသည့် တီဟီရန်စတော့အိတ်ချိန်း (Tehran Stock Exchange) သည်လည်း ညွှန်းကိန်း ၄.၈၂ သန်းခန့်အထိ မြင့်တက်ကာ သမိုင်းတစ်လျှောက် အမြင့်ဆုံးစံချိန်တင်ခဲ့သည်။
သို့သော်လည်း အစ္စလာမ္မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) နှင့် ဆက်နွှယ်သည့် ဖားစ် (Fars) သတင်းဌာန အပါ အဝင် အီရန်အစွန်းရောက်ဝါဒီများနှင့် လွှတ်တော်အမတ် မိုဟာမက် မာနန် ရိုင်စီ (Mohammad Mannan Raisi)တို့ကမူ အမေရိကန်သို့ အလျော့ပေးမှုများ မလုပ်ရန်နှင့် ယနေ့ (တနင်္ဂနွေနေ့) သည် ဖေဖော်ဝါရီ ၂၈ ရက် လေကြောင်း တိုက် ခိုက်မှုအတွင်း အီရန်အမြင့်ဆုံးခေါင်းဆောင်ဟောင်း အယာတိုလာ အလီ ခါမေနီ (Ayatollah Ali Khamenei)ကို လုပ်ကြံခဲ့သည့် တရားခံ သမ္မတထရမ်ပ်၏ မွေးနေ့ဖြစ်နေသဖြင့် လက် မှတ်မထိုးသင့်ကြောင်း၊ အစိုးရအနေဖြင့် “သိက္ခာရှိရှိ” နေသင့်ကြောင်း လမ်းမပေါ်ထွက်၍ ပြင်းပြင်းထန်ထန် ဆန္ဒပြခဲ့ကြသည်။

လွှတ်တော်အမတ် မာမုဒ် နာဘာဗီယန် (Mahmoud Nabavian) ကလည်း ယခုမူကြမ်းသည် အမေရိကန်နှင့် အစ္စ ရေးကို လပေါင်းများစွာ တိုက်ခိုက်ပြီးရရှိထားသည့် စစ်ရေးအောင်မြင်မှုများကို စွန့်လွှတ်ရာရောက်သည်ဟု ဆိုကာ နိုင်ငံပိုင်ရုပ်သံမှနေ၍ ကန့်ကွက်ခဲ့သည်။
လက်ရှိတွင် ယခုသဘောတူညီချက်အပေါ် ကန့်ကွက်မှုများကြောင့် အီရန်၏ လက်ရှိအမြင့်ဆုံးခေါင်းဆောင်အသစ် မိုဂျ်တာဘာ ခါမေနီ (Mojtaba Khamenei) နှင့် အမျိုးသားလုံခြုံရေးကောင်စီတို့၏ အာဏာတည်ဆောက်ပုံအပေါ်ပါ ပြည်တွင်း၌ အချေအတင် ဆွေးနွေးမှုများ ပြန် လည်မြင့်တက်လာခဲ့သည်။
တစ်ဖက်တွင်လည်း အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက သဘောတူညီချက်ကို ဖျက်ဆီးပစ်ရန် ရည် ရွယ်ချက်ဖြင့် လက်ဘနွန်မြို့တော် ဘေရု(တ်) တောင်ဘက်ဆင်ခြေဖုံးရပ် ကွက်များကို တနင်္ဂနွေနေ့တွင်ပင် ထပ်မံဗုံးကြဲတိုက်ခိုက်ရန် အမိန့်ပေးခဲ့ပြီး အီရန်၏ စစ်ရေးတုံ့ပြန်မှုကို အတင်းအကျပ် ဆွဲထုတ်ရန် ကြိုးပမ်းနေသဖြင့် အဆိုပါ သမိုင်းဝင် ယာယီသဘောတူညီချက် အမှန်တကယ် ထွက်ပေါ်လာနိုင်ခြင်း ရှိ၊ မရှိမှာ စိုးရိမ်စရာ အခြေအနေတွင် ရှိနေကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN