
(နိုင်ငံတကာ) ဇွန် ၁၄
ယူကရိန်းစစ်ပွဲအတွက် ရုရှားနိုင်ငံ၏ ရန်ပုံငွေရှာဖွေရေးလမ်းကြောင်းကို ဖြတ်တောက်သည့်အနေဖြင့် ဗြိတိန်ရေ လက် ကြား (English Channel) ကို ဖြတ်သန်းရန် ကြိုးပမ်းနေသည့် ရုရှား၏ ပိတ်ဆို့မှုရှောင် shadow-fleet ရေနံ တင်သင်္ဘောတစ်စီးကို ဗြိတိန်တော်ဝင်စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်များ၊ စစ်သင်္ဘောများအသုံး ပြုကာ အောင်မြင်စွာ စီးနင်းဖမ်းဆီးလိုက်ကြောင်း ဗြိတိန်ဝန်ကြီး ချုပ် ကီယာ စတာမာ (Keir Starmer) က ကြေညာလိုက်သည်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တနင်္ဂနွေနေ့အစောပိုင်းက ပြုလုပ်ခဲ့သည့် ၆ နာရီကြာ စစ်ဆင် ရေးအတွင်း ကင်မရွန်းနိုင်ငံအလံကို အတုအယောင်လွှင့်ထူထားသည့် “စမားတော့စ်” (Smyrtos) အမည်ရှိ ရေနံတင်သင်္ဘောကို ဗြိတိန်တော်ဝင်မရိန်းကွန်မန်ဒိုများနှင့် အမျိုးသားရာဇဝတ်မှုတိုက်ဖျက်ရေးအေဂျင်စီ (NCA) အရာရှိများက ချီနုခ် (Chinook) ဟယ်လီကော်ပတာများ၊ ဖရီးဂိတ်စစ်သင်္ဘော၊ မိုင်းရှင်းသင်္ဘောများဖြင့် ဝိုင်းဝန်းပိတ်ဆို့ကာ အတင်းအကျပ် တက်ရောက်စီးနင်း ထိန်းချုပ်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိတွင် အဆိုပါသင်္ဘောကို အင်္ဂလန်တောင်ဘက် ကမ်း လွန်ရှိ ကျောက်ဆူးချရပ်နားရာနေရာသို့ ယာယီရွှေ့ ပြောင်းထားပြီး ပတ်ဝန်းကျင်နှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း သိရသည်။
ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဒန် ဂျားဗစ် (Dan Jarvis) က “ရုရှားဟာ ယူကရိန်းပဋိပက္ခအတွက် ရန်ပုံငွေရှာဖို့ ၎င်းရဲ့ အရိပ်ပြသင်္ဘောအုပ်စုအပေါ် မှီခိုနေရတာဖြစ်ပြီး ကျွန်တော်တို့ရဲ့ ကြားဖြတ်ဟန့်တားမှုဟာ ပူတင်ရဲ့ တရားမဝင်စစ်ပွဲကို ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်စေပါတယ်” ဟု ပြောကြားခဲ့သည်။
ရုရှားသည် လေးနှစ်ကျော်ကြာမြင့်လာပြီဖြစ်သော ယူကရိန်းစစ်စရိတ်ကို ကာမိစေရန် နိုင်ငံတကာပိတ်ဆို့မှုများကို ရှောင်လွှဲကာ သင်္ဘောအစင်းရေ ရာနဲ့ချီရှိသော shadow-fleet သင်္ဘောအုပ်စုဖြင့် ရေနံများကို ခိုးထုတ်ရောင်းချနေသည်ဟု အနောက် အုပ်စုက ယူဆထားသည်။ ဗြိတိန်နိုင်ငံသည် လက်ရှိအချိန်အထိ ရုရှားနှင့်ဆက်နွှယ်သည့် ရေယာဉ် ၅၀၀ ကျော်ကို ပိတ်ဆို့အရေး ယူထားပြီး ယင်းကြောင့် ၂၀၂၅ ခုနှစ်တွင် ရုရှား၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ဝင်ငွေသည် ၂၄ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့သည်။
ပြီးခဲ့သည့်လများကလည်း ပြင်သစ်ရေတပ်သည် ဗြိတိန်၏ ပံ့ပိုးမှုဖြင့် ကင်မရွန်းအလံပြ ရုရှားသင်္ဘောတစ်စီးကို ဖမ်းဆီးခဲ့သလို၊ ဇန်နဝါရီလတွင် ‘Grinch’ သင်္ဘောနှင့် မတ် လတွင် မိုဇမ်ဘစ်အလံပြ ‘Deyna’ သင်္ဘောတို့ကိုလည်း အပြိုင်အဆိုင် ဖမ်း ဆီးပိတ်ဆို့ခဲ့ကြသည်။
တစ်ဖက်တွင်မူ ရုရှားသမ္မတ ဗလာဒီမီရီ ပူတင်က အနောက် နိုင်ငံများ၏ ရုရှားရေနံတင်သင်္ဘောများကို ဖမ်း ဆီးထိန်းသိမ်းသည့် လုပ်ရပ်များအပေါ် “ပင်လယ်ဓားပြတိုက်မှု” (Piracy) သာဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ရှုတ် ချပြောဆိုထားသည်။
Telegram»…
https://t.me/positiveanglenews
#PAN