(မှုခင်း) ဇွန် ၈
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၁၅)ရပ်ကွက်၊ မြင်သာ(၁)လမ်းရှိ နေအိမ်တစ်အိမ်တွင် ယမန်နေ့ ဇွန်လ ၇ ရက် နံနက် ၇ နာရီဝန်းကျင်ခန့်၌ အမျိုးသမီးတစ်ဦး ဓာတ်လိုက်မှု ကြောင့် သေဆုံးခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်တွင် နေအိမ်တစ်လုံးအတွင်း ဓာတ်လိုက်နေသည့် မိခင်ဖြစ်သူအား သားဖြစ်သူကမှဝင်ရောက်ကယ်ဆယ်ခဲ့သော်လည်း မိခင်မှာ အခင်းဖြစ်နေရာ၌ပင် သေဆုံးသွားခဲ့ပြီး သားဖြစ်သူတွင်လည်း ပြင်းထန်သည့်ဒဏ်ရာများ ရရှိခဲ့ကြောင်းသိရသည်။
၎င်းနောက် ဖြစ်ပွားရာနေရာသို့ လူမှုကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာပြီး သေဆုံးသူ အမျိုးသမီး၏ ရုပ်အလောင်းအား မေတ္တာသီတာရေစင် လူမှုကယ်ဆယ်ရေးအသင်းက သင်္ဃန်းကျွန်းစံပြဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထို့ပြင်ဓာတ်လိုက်ဒဏ်ရာများ ရရှိခဲ့သည့် သားဖြစ်သူအား ဓမ္မစိန်ရောင် လူနာတင်ယာဉ်အဖွဲ့က မြောက်ဥက္ကလာပဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကာ ဆေးကုသမှု ခံယူစေခဲ့ကြောင်း သိရသည်။

#PAN