(မှုခင်း) ဇွန် ၈
ချင်းပြည်နယ်တီးတိန်-ရိဒ်ခေါ်ဒါရ် နယ်စပ်ကုန်သွယ်ရေး လမ်းမကြီးပေါ်ရှိ ဆောက်လက်စ မံဆောင်း မဏိပူရမြစ်ကူး တံတားအား အကြမ်းဖက်အဖွဲ့မှ မိုင်းဖြင့် လျှပ်စစ်ရှော့တိုက် ဖောက်ခွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဇွန်လ ၇ ရက်နေ့ နံနက် ၄ နာရီခွဲ အချိန်ခန့်တွင် ဆောက်လက်စ မံဆောင်း မဏိပူရမြစ်ကူးတံတား၏ နယ်စပ် ဘက်ခြမ်း ရေလယ်တိုင်အား အကြမ်းဖက်များမှ မိုင်းဖြင့် လျှပ်စစ်ရှော့တိုက် ဖောက်ခွဲခဲ့ရာ တံတားမှာထိခိုက်မရှိကြောင်း တံတားတိုင်ခြေရင်း နှင့် ဖောင်းဒီရှင်း ထိခိုက် သွားကြောင်း ဒေသခံများ၏ပြောကြားချက်အရသိရသည်။
အဆိုပါ တံတားဖောက်ခွဲရာတွငိ အသုံးပြုသည့် ဝါယာကြိုးများ တွေ့ရကြောင်း၊ ပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် မံဆောင်းတံတားမှ လိုင်တွီးရွာဘက်သို့ ဆိုင်ကယ် တစီး အရှိန်ဖြင့် တက်မောင်းသံအား မြစ်တဖက်ကမ်းရှိ ဒေသခံများက ကြားခဲ့ရကြောင်း သိရသည်။
မံဆောင်းကြိုးတံတားသည် ၂၀၂၄ ဇွန်လ ၈ ရက်နေတွင် အကြမ်းဖက်အဖွဲ့မှ မိုင်းခွဲ ဖျက်ဆီးခဲ့သဖြင့် ကျိုးကျ ပျက်စီးခဲ့ရာ တံတားသစ်၏ တန်းများအပေါ် ဒေသခံများမှ ယာယီ တံတားခင်း အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

#PAN