
(ပြည်တွင်း)ဇွန် ၈
ကရင်ပြည်နယ်၊ မြဝတီမြို့ပတ်ဝန်းကျင်ဒေသများအတွင်း အွန်လိုင်းငွေလိမ်လည်မှု (တယ်လီကွန်းလိမ်လည်မှု)နှင့် အခြားသော ရာဇဝတ်မှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသည့် ရုရှားနှင့် ဖိလစ်ပိုင်နိုင်ငံသား နိုင်ငံခြား သား နောက်ထပ် နှစ်ဦးကို တာဝန်ရှိသူများက ထပ်မံဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သိရသည်။
ဖမ်းဆီးထိန်းသိမ်းခံရသူ နှစ်ဦးတွင် ရုရှားဖက်ဒရယ်နိုင်ငံမှ နိုင်ငံသားတစ်ဦးနှင့် ဖိလစ်ပိုင်နိုင်ငံမှ နိုင်ငံသားတစ်ဦးတို့ ပါဝင်ပြီး၊ ၎င်းတို့သည် မြဝတီနယ်စပ်ဒေသအတွင်းသို့ တရားမဝင် လျှို့ဝှက်ဝင်ရောက်လာခဲ့ကြသူများ ဖြစ်သည်။ ၎င်းတို့အား သက်ဆိုင်ရာနိုင်ငံများသို့ ပြည်နှင်ဒဏ်မပေးမီ လိုအပ်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိသည်။
အဆိုပါ နိုင်ငံခြားသားများကို နေရပ်သို့ အမြန်ဆုံး စနစ်တကျ ပြန်လည်ပို့ဆောင်နိုင်ရေးအတွက် ပူးပေါင်းဌာနဆိုင်ရာအဖွဲ့တစ်ဖွဲ့က ကိုယ်ရေးအချက်အလက်များနှင့် မှတ်တမ်းများကို ကောက် ယူလျက်ရှိရာ မြဝတီခရိုင် စီမံအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းစံလင်းနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့မှ ယခု ၂၀၂၆ ခုနှစ် ဇွန်လ ၇ ရက်နေ့အထိ (၁၅ လကျော်ကာလ) အတွင်း မြဝတီမြို့နယ်အတွင်း တရားမဝင် ဝင်ရောက်လာသည့် နိုင်ငံခြားသား စုစုပေါင်း ၁၄,၇ဥ၃ ဦးအထိ ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။ ယင်းတို့အနက် ၁၃,၅၂၁ ဦး ကို ဥပဒေလုပ်ထုံးလုပ် နည်းများနှင့်အညီ ထိုင်းနိုင်ငံမှတစ်ဆင့် ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ ပြည်နှင်ဒဏ်ပေး (ပြန်လည်ပို့ဆောင်) ခဲ့ပြီးဖြစ်သည်။
၆၆၂ ဦး ကို လူဝင်မှုကြီးကြပ်ရေးဥပဒေနှင့် မူးယစ်ဆေး ဝါးဆိုင်ရာ ဥပဒေများဖြင့် တရားစွဲဆို အရေးယူထားသည်။ ၅၂ဝ ဦး မှာ ပြည်နှင်ဒဏ်ပေးရန် စောင့်ဆိုင်းလျက်ရှိပြီး ၎င်းတို့အား သတ်မှတ်နေရာများတွင် စနစ်တကျ နေရာချထားပေးပြီး စီမံခန့်ခွဲလျက်ရှိသည်။
အစိုးရအနေဖြင့် နယ်စပ်ဒေသများရှိ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများကို အမြစ်ပြတ်နှင်နင်းရန်၊ ပါဝင်ပတ် သက်သူများကို ဖော်ထုတ်အရေးယူရန်နှင့် လူကုန်ကူးခံရသူများနှင့် ဒုက္ခ ရောက်နေသည့် နိုင်ငံခြားသားများကို နေရပ်သို့ အမြန်ဆုံး ပြန် လည်ပို့ဆောင်နိုင်ရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဒေသတွင်း မိတ်ဖက်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများတက်ကြွစွာ ဆက်လက်ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN