
(နိုင်ငံတကာ) ဇွန် ၇
အစ္စရေးနိုင်ငံအလယ်ပိုင်း နေရာအချို့တွင် တနင်္ဂနွေနေ့က အရပ်သားများကို ဦးတည်သည့် သံသယဖြစ်ဖွယ် “အကြမ်းဖက်ပစ်ခတ်မှု” တစ်ရပ် ဆက်တိုက်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူတစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း အစ္စရေးဆေးဘက်ဆိုင်ရာအဖွဲ့များနှင့် ရဲတပ်ဖွဲ့က ထုတ်ပြန်ပြောကြားခဲ့သည်။
ပစ်ခတ်မှုသည် သိမ်းပိုက်ခံအနောက်ဘက်ကမ်းရှိ ကယ်လ်ကီလျာမြို့နှင့် နီးစပ်သော ကိုချက်ဗ် ယာအီ (Kochav Yair) ဒေသအဝင်ရှိ ဓာတ်ဆီဆိုင်တစ်ခုတွင် စတင်ခဲ့ခြင်းဖြစ်သည်။ အစ္စရေးအသံလွှင့်ဌာန၏ ဖော်ပြချက်အရ သေ နတ်သမားသည် ထိုနေရာရှိ လမ်းသွားလမ်းလာများကို စတင်ပစ်ခတ်ခဲ့ပြီးနောက်၊ အနီးနားရှိ ဇူးရ် ယစ်ဇ်ဟတ်ခ် (Tzur Yitzhak)နှင့် ဇူးရ် နာတန် (Tzur Natan) မြို့များအဝင်အထိ မော်တော်ယာဉ်ဖြင့် မောင်းနှင်ကာ လှည့်လည်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
အစ္စရေး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ (Magen David Adom)မှ လီယွန် ဇီဘာဘတ်ခ်၏ ပြောကြားချက်အရ ၎င်းတို့အဖွဲ့သည် သတင်းရရချင်း အခင်းဖြစ်ပွားရာသို့ လူနာတင်ယာဉ်များဖြင့် သွားရောက်ခဲ့ရာ မော်တော်ယာဉ်တစ်စီးအတွင်း ခန္ဓာ ကိုယ်တွင် သေနတ်ဒဏ်ရာများဖြင့် သွေးခုန်နှုန်းမရှိတော့ဘဲ သေဆုံးနေသည့် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ရသည်။
ထို့ပြင် အနီးနားတွင် ခန္ဓာကိုယ်အပေါ်ပိုင်း သေနတ်ဒဏ်ရာများဖြင့် လဲလျောင်းနေသည့် သတိရလျက်ရှိသော လူနာတစ်ဦးအပါအဝင် စုစုပေါင်း ဒဏ်ရာရရှိသူ ငါးဦးကို ကယ်ဆယ်ကာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။ ဒဏ်ရာရရှိသူ များအနက် နှစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း သိရသည်။
အစ္စရေးရဲတပ်ဖွဲ့သည် ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သေနတ်သမားကို အရှိန်အဟုန်မြှင့် လိုက်လံပိတ်ဆို့ ရှာဖွေခဲ့ပြီးနောက် ပစ်ခတ်ဖမ်းဆီး (ရှင်းလင်း) နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ သေနတ်သမားသည် အနီးနားရှိ အစ္စရေးမြို့တစ်မြို့ဖြစ်သော တိုင်ရီဘီ (Tayibe) မြို့မှ အစ္စရေးနိုင်ငံသားဖြစ်ခွင့်ရထားသည့် ပါလက်စတိုင်းလူမျိုးတစ်ဦး ဖြစ်ကြောင်း ရဲတပ်ဖွဲ့က အတည်ပြုခဲ့ပြီး ၎င်းအသုံးပြုခဲ့သည့် သေနတ်ကိုလည်း သိမ်းဆည်းရမိခဲ့သည်။
လက်ရှိတွင် အစ္စရေးပြည်တွင်းလုံခြုံရေးအေဂျင်စီနှင့် ရဲတပ် ဖွဲ့၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊ အထူးတပ်ဖွဲ့များ ပူးပေါင်းကာ တိုင်ရီဘီမြို့အတွင်း ဝင်ရောက်စီးနင်း ရှာဖွေမှုများ ပြုလုပ်နေပြီး၊ ထပ်မံပါဝင်ပတ်သက်သူများ ရှိမရှိအတွက် အနီးနားရှိ အာရပ်ကျေးရွာအချို့ကိုလည်း လုံခြုံ ရေးအရ ဝိုင်းရံပိတ်ဆို့ထားသည်။ ရဲတပ်ဖွဲ့က မိဘပြည်သူများအနေဖြင့် ထူးခြားဖြစ်စဉ်ရှိက ချက် ချင်းသတင်းပို့ရန်နှင့် လုံခြုံရေးသတိရှိကြရန် နှိုးဆော်ထားသည်။
ပါလက်စတိုင်း ဟာမတ်စ်အဖွဲ့က အဆိုပါတိုက်ခိုက်မှုကို “ရဲ ရင့်သော အာဇာနည်လုပ်ရပ်” အဖြစ် ချီးမွမ်းစကားဆိုခဲ့သော် လည်း ၎င်းတို့လက်ချက်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေ ညာခြင်း မရှိသေးပေ။
တစ်ချိန်တည်းမှာပင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၏ရုံးက အဆိုပါပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်၍ လုံခြုံ ရေးဆိုင်ရာ အရေးပေါ် အခြေအနေအရ ဆန်းစစ်သုံးသပ်မှုတစ် ရပ် ပြုလုပ်နေကြောင်း သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN