
(ပြည်တွင်း)ဇွန် ၇
မြန်မာနိုင်ငံ၏ အချက်အချာကျသော အလယ်ပိုင်းဒေသများကို စီးပွားရေးနှင့် ကုန်ထုတ်လုပ်မှု ကဏ္ဍများအလိုက် ဘက်စုံတိုးတက်လာစေရန်အတွက် တောင်ငူ၊ နေပြည်တော် ၊ ရမည်းသင်းနှင့် မိတ္ထီလာဒေသများကို “အထူးဖွံ့ဖြိုးရေးဇုန် (Special Development Zones)” များအဖြစ် ပုံဖော်မည့် ရေရှည်မဟာဗျူဟာစီမံကိန်းတစ်ရပ်ကို စနစ်တကျ စတင်အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယမန်နေ့က တောင်ငူခရိုင်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ရှေး ဟောင်းကေတုမတီမြို့ပြ အမွေအနှစ် ထိန်းသိမ်းခြင်းလုပ်ငန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် အဆိုပါ ရေရှည်စီမံကိန်းကြီးနှင့် ပတ်သက်၍ ထည့်သွင်းလမ်းညွှန်ခဲ့ခြင်း ဖြစ်သည်။
လမ်းညွှန်ချက်များအရ ယခုဖော်ဆောင်မည့် တောင်ငူ၊ နေ ပြည်တော်၊ ရမည်းသင်းနှင့် မိတ္ထီလာဒေသများသည် နိုင်ငံ၏ အထက်ပိုင်း၊ အောက်ပိုင်း၊ အရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့သို့ လွယ်ကူစွာ ချိတ်ဆက်နိုင်သည့် ဗဟိုချက်မ အလယ်ပိုင်းဒေသများဖြစ်၍ ဖွံ့ဖြိုးတိုးတက်ရန် ခိုင်မာသည့် foundational အားသာချက်များ ရှိနှင့်ပြီးဖြစ် သည်။
အဆိုပါ အဓိကဇုန်ကြီး (၄) ခုကို အခြေခံ၍ အနီးနားရှိ အခြားမြို့ပြငယ်များသို့ပါ ဖွံ့ဖြိုးတိုးတက်မှု အရှိန်အဟုန်ကို “ဆင့်ကဲဆင့်ကဲ နည်းလမ်း (Cascading Manner)” ဖြင့် ကူးစက်ပြန့်ပွားသွားစေရန် ရည်ရွယ်ထားသည်။
တောင်ငူခရိုင်အတွင်း အစိုးရရုံးများ၊ ဆေးရုံ၊ ကျောင်းများ၊ ဝန်ဆောင်မှုအဆောက်အအုံများနှင့် အပန်းဖြေစိမ်း လန်းစိုပြည်ရေးဇုန်များ ပါဝင်မည့် “တောင်ငူမြို့ပြစီမံကိန်းအသစ် (New Toungoo City)” ကိုလည်း ရေးဆွဲလျက်ရှိပြီး၊ မြို့ရှောင်ရထားလမ်းသစ်နှင့် ဘူတာရုံအသစ် တည် ဆောက်ရေးလုပ်ငန်းများကိုပါ စီမံကိန်းတွင် ထည့်သွင်းစဉ်းစားနေသည်။

ဒေသတွင်း စီးပွားရေးမြှင့်တင်မှုအပိုင်းတွင် ဆန်စပါးဖူလုံပြီးသား တောင်ငူဒေသ၏ အားသာချက်ကို အသုံးချကာ ဖွဲနုနှင့် ဆန်ကွဲများမှတစ်ဆင့် တိရစ္ဆာန်အစာနှင့် ဖွဲနုဆီ ထုတ်လုပ်မှုကဲ့သို့သော စိုက်ပျိုးမွေးမြူရေးအခြေခံ စက်မှုလုပ်ငန်း (Agro-based Industries) များနှင့် MSME စီးပွားရေးလုပ်ငန်းများကို ရေရှည်အတွက် အားပေးမြှင့်တင်သွားမည်ဖြစ်သည်။
ထို့ပြင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည့် ကေတုမတီမြို့ဟောင်း၏ မြို့ရိုး၊ ကျုံးနှင့် နန်းတော်ရာနေရာများကို ဥပဒေနှင့်အညီ စနစ်တကျ ပြန်လည်ထိန်းသိမ်းကာ ရှေးဟောင်းအမွေအနှစ်နယ်မြေအဖြစ် မပျက်စီးအောင် ကာကွယ်စောင့် ရှောက်သွားရန်နှင့် ဒေသတွင်း အားကစားကွင်းအဆင့်မြှင့်တင်ခြင်းများကို အနာဂတ်လူဦးရေတိုးတက်မှုကို တွက်ချက်ကာ ရေရှည်မျှော်မှန်းချက်ဖြင့် အကောင် အထည်ဖော်ရန် ညွှန်ကြားထားကြောင်း သတင်းရရှိသည်။
Telegram»…
https://t.me/positiveanglenews
#PAN