
(ပြည်တွင်း)ဇွန် ၇
နိုင်ငံခြားငွေလဲလှယ်မှုဈေးကွက်အတွင်း မတည်ငြိမ်မှုများနှင့် ငွေကြေးတန်ဖိုးကျဆင်းမှုများကို ထိန်းချုပ်ရန်၊ ဈေးကွက်တည်ငြိမ်မှု ရှိစေရန်အတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ် (CBM) သည် ပြည်တွင်းအခြေခံလိုအပ်ချက်ကဏ္ဍများဖြစ်သော သဘာဝဓာတ်ငွေ့ရည် (LNG)၊ စားသုံးဆီနှင့် ကုန်ထုတ်လုပ်မှု (CMP) ကဏ္ဍများသို့ နိုင်ငံခြားငွေများကို နေ့စဉ်ရက်ဆက် ပံ့ပိုးထုတ်ပေးလျက်ရှိရာ ဇွန်လ ၅ ရက်နေ့တွင်လည်း LNG တင်သွင်းသည့် ကုမ္ပဏီများသို့ အမေရိကန်ဒေါ်လာ ၃ သန်း ထပ်မံရောင်းချပေးခဲ့ကြောင်း သိရသည်။
ဗဟိုဘဏ်သည် ဇွန်လ ၅ ရက်နေ့တွင် CMP (လက်ခစား) ကုမ္ပဏီများထံမှ ဝယ်ယူထားသော အမေရိကန်ဒေါ်လာ ၃ သန်းကို ပြည်တွင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်မှုနှင့် စက်မှုကဏ္ဍအတွက် အရေးပါသည့် LNG တင်သွင်းမှုကုမ္ပဏီများသို့ ပြန် လည်ခွဲဝေရောင်းချပေးခဲ့ခြင်း ဖြစ်သည်။ ယင်းအပြင် လွန်ခဲ့သည့် ဇွန်လ ၄ ရက်နေ့ကလည်း စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများသို့ ဒေါ်လာ ၂.၉ သန်းကျော်၊ CMP ကုမ္ပဏီများသို့ ဒေါ်လာ ၁၀၉,၃၀၀ ကျော်နှင့် LNG ကုမ္ပဏီများသို့ ဒေါ်လာ ၃ သန်းကို ဈေး ကွက်အတွင်း ထည့်သွင်းပေးခဲ့သည်။
ဇွန်လဆန်းပိုင်း ရက်သတ္တပတ်အတွင်း ဗဟိုဘဏ်သည် ပြည် တွင်းစားသုံးဆီဈေးနှုန်း တည်ငြိမ်စေရန်အတွက် စားသုံးဆီကုမ္ပဏီများကို ဒေါ်လာများ ဆက်တိုက်ရောင်းချပေးခဲ့ရာ ဇွန်လ ၁ ရက်နေ့တွင် ဒေါ်လာ ၆၄၆,၈၀၀ ကျော်၊ ဇွန်လ ၂ ရက်နေ့တွင် ဒေါ်လာ ၁.၇၉ သန်းနှင့် ဇွန်လ ၃ ရက်နေ့တွင် ဒေါ်လာ ၂.၈၉ သန်းကျော်တို့ကို အသီးသီး ထည့် သွင်းပေးခဲ့သည်။
အလားတူ သွင်းကုန်ထုတ်ကုန် လုပ်ငန်းများ လည်ပတ်နိုင်ရန် CMP ကုမ္ပဏီများကိုလည်း ဇွန်လ ၁ ရက်မှ ၃ ရက်နေ့အထိ နေ့စဉ် ဒေါ်လာသောင်းချီ ရောင်းချပေးခဲ့သည့်အပြင်၊ ကုန်သွယ်မှုမဟုတ်သော လုပ်ငန်းဆောင်ရွက်ချက်များ (Non-trade transactions) အတွက်လည်း ငွေကြေးလဲလှယ်မှုများ ဖြည့် ဆည်းပေးခဲ့သည်။
ဗဟိုဘဏ်သည် ဈေးကွက်အတွင်း နိုင်ငံခြားငွေ လိုအပ် ချက်ကို ဖြည့်ဆည်းရန်အတွက် ယခု ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံခြားငွေများကို လအလိုက် အလုံးအရင်းဖြင့် ထည့်သွင်းပေးခဲ့မှုအနေဖြင့် မေလတွင် CBM သည် နိုင်ငံခြားငွေလဲလှယ်ဈေးကွက်သို့ အမေရိကန်ဒေါ်လာ ၅၁ သန်းကျော်နှင့် ဘတ် ၁.၂ သန်းကျော် ထည့်သွင်းခဲ့သည်။
CBM သည် ဧပြီလတွင် အမေရိကန်ဒေါ်လာ ၇၀ သန်းကျော်နှင့် ဘတ် ၂၈.၈ သန်းကျော်နှင့် ၂၀၂၆ ခုနှစ် မတ်လတွင် အမေရိကန်ဒေါ်လာ ၄၄.၈၄ သန်း၊ ဘတ် ၆၁ သန်းကျော်နှင့် ယွမ် ၇၀၀,၀၀၀ ကျော် လွှဲပြောင်းခဲ့သည်။ CBM သည် ဖေဖော် ဝါရီလတွင် နိုင်ငံခြားငွေလဲလှယ်ဈေးကွက်သို့ အမေရိကန်ဒေါ်လာ ၃၅ သန်း၊ ဘတ် ၃၄ သန်းကျော်နှင့် ယွမ် သုံးသန်းကျော်နှင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်ဒေါ်လာ ၄၃ သန်း၊ ဘတ် ၆၅ သန်းကျော်နှင့် ယွမ် လေးသန်းကျော် ထည့်သွင်းခဲ့သည်။
ဗဟိုဘဏ်အနေဖြင့် ပုဂ္ဂလိကဘဏ်များ (Authorized Dealers) အား လိုအပ်ချက်နှင့် ထောက်ပံ့မှုအပေါ် မူ တည်၍ ဈေးကွက်ပေါက်ဈေးအတိုင်း အွန်လိုင်းနိုင်ငံခြားငွေရောင်းဝယ်မှု (Online Foreign Exchange Trading) ကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပြုထားသော်လည်း၊ တစ်ဖက်တွင် ငွေကြေးဈေး ကွက်ကို မသမာသောနည်းဖြင့် ကစားရန်နှင့် စျေးကစားရန် ကြိုးပမ်းသူများကို တည်ဆဲဥပဒေများအတိုင်း ထိရောက်စွာ နှိမ်နင်းအရေးယူနိုင်ရေးအတွက် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများနှင့် အနီးကပ်ပူး ပေါင်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
Telegram»…
https://t.me/positiveanglenews
#PAN