
(ပြည်တွင်း)ဇွန် ၇
ကချင်ပြည်နယ်အတွင်းရှိ ရထားလမ်းကွန်ရက်များကို ပြန် လည်ချိတ်ဆက်နိုင်ရန်နှင့် ဒေသခံပြည်သူများ သွားလာရေး ပိုမိုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ မြစ်ကြီးနား-မိုးညှင်း ရထားလမ်းပိုင်းကို လာမည့် ဇူလိုင်လအတွင်း အပြီးသတ်နိုင်ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့မီးရထား (MR) မှ သိရသည်။
လတ်တလောတွင် မြန်မာ့မီးရထားအနေဖြင့် ကချင် ပြည်နယ်အတွင်း မြစ်ကြီးနားမြို့နှင့် မိုးညှင်းမြို့အကြား၌သာ ရထားခရီး စဉ်များကို အကန့်အသတ်ဖြင့် ပြေးဆွဲပေးလျက်ရှိပြီး၊ ယခုအခါ အဆိုပါလမ်းကြောင်းပေါ်တွင် ရထားလုပ်ငန်းစဉ်များ ပိုမိုကောင်းမွန်လာစေရန်နှင့် ဝန်ဆောင်မှု တိုးချဲ့ပြေးဆွဲနိုင်ရန်အတွက် အရှိန်အဟုန်မြှင့် ပြုပြင်ထိန်း သိမ်းမှုများ ပြုလုပ်လျက်ရှိသည်။
အဆိုပါလမ်းပိုင်းအနက် မိုးကောင်း-မိုးညှင်း ရထားလမ်းပိုင်းသည် စုစုပေါင်း ၅၂.၂၅ မိုင် ရှည်လျားပြီး လက်ရှိတွင် လမ်းပိုင်း ၃၉ မိုင်၌ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများ ရာနှုန်းပြည့် ပြီး စီးခဲ့ပြီဖြစ်သည်။ ထို့ပြင် လမ်းကြောင်းတစ်လျှောက်ရှိ ဘူတာရုံ ရှစ်ခုကိုလည်း အပြီးသတ်ဆောက်လုပ်ပြီးစီးခဲ့ပြီဖြစ်ကာ ရထားလမ်းပေါ်ရှိ သံမဏိကိုယ်ထည် တည်ဆောက်မှုဆိုင်ရာ ပြုပြင်မှုများ ပြီးစီးခဲ့သော်လည်း တံတားတိုင်များ ကြံ့ခိုင်မှုရှိစေရန် ပြုပြင်ခြင်းလုပ်ငန်းများကိုမူ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။
အဆိုပါ ရထားလမ်းပိုင်း ပြုပြင်မှုလုပ်ငန်းများ အပြည့်အဝပြီးစီးသွားပါက မိုးညှင်းမြို့နှင့် မြစ်ကြီးနားမြို့အကြား ခရီးသည်နှင့် ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းများ ပိုမိုသွက် လက်မြန်ဆန်လာစေရန်အတွက် မြင်းကောင်ရေ ၁,၃၀၀ အားနှင့် မြင်းကောင်ရေ ၂,၀၀၀ အားရှိ စက်ခေါင်းကြီးများကို အသုံးပြုပြေးဆွဲပေးသွားမည်ဖြစ်သည်။
ထို့အပြင် ခရီးသည်များ ဘေးကင်းလုံခြုံပြီး စိတ်အေး ချမ်း သာစွာ စီးနင်းနိုင်ရေးအတွက် ချိတ်ဆက်မှုစနစ် ပိုမိုကောင်းမွန်သည့် အော်တိုကော်ပလာ (Auto-coupler) တပ်ဆင်ထားသော ရထားတွဲဆိုင်းများကို အသုံးပြုသွားရန် စီစဉ်ထားသည်။
အဆိုပါ တွဲဆိုင်းများတွင် ရိုးရိုးတန်းခရီးသည်တွဲ လေး တွဲ၊ အထူးတန်းခရီးသည်တွဲ တစ်တွဲ၊ ကုန်စည်ပို့ဆောင်ရေးအတွက် ကုန်တွဲတစ်တွဲနှင့် ရထားဘေးကင်းလုံခြုံရေးအတွက် ဘရိတ်တွဲတစ်တွဲတို့ စနစ်တကျ ပါဝင်ဖွဲ့စည်း ပြေးဆွဲပေးသွားမည်ဖြစ် ကြောင်း မြန်မာ့မီးရထား၏ ထုတ်ပြန်ချက်အရ သိရသည်။
Telegram»…
https://t.me/positiveanglenews
#PAN