ရင်ကွဲတောင်တွင် တွဲကားတိမ်းမှောက်၍ ယာဥ်မောင်းတစ်ဦးသေဆုံး

(မှုခင်း) ‌ဇွန် ၃

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ဒေါနတောင်ကျော်၊အာရှလမ်း၊ ရင်ကွဲတောင်နေရာ၊ ကွင်းကလေးကုန်းအဆင်း၌ ကုန်တင်တွဲကားတစ်စီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ ဇွန်လ ၂ ရက် ညနေ ၄ နာရီကျော်အချိန်ခန့်က ရင်ကွဲတောင်၊ကွင်းကလေးကုန်းအဆင်း၊မိုင်တိုင်အမှတ် ၁၆၁/၄အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကုန်တင်တွဲကားမှာ ချောက်အတွင်းသို့ တိမ်းမှောက်၍ လူပိမိနေကြောင်း သတင်းအရ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် မြန်မာနိုင်ငံလူမူကူညီရေးအသင်း၊ မဲကနယ်လူမူကူညီရေးအသင်းတို့က အခြားအသင်းအဖွဲ့များ နှင့် Z-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ဝင်များအတူ ပူးပေါင်းကာ ကားအောက်ပိနေသော ယာဥ်မောင်းကို ကယ်ထုတ်ခဲ့ရကြောင်း သိရသည်။

ယာဥ်မောင်းမှာ ကားအောက်တွင် အပြင်းအထန် ပိတ်မိနေသဖြင့် ကားအောက်မှ မြေကြီးတူးဖော်ကာ၂နာရီကျော်ကြာ ကယ်ထုတ်ပေးခဲ့ရသော်လည်း နေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူမှာ ယာဉ်မောင်း ကျော်ဝဏ္ဏဖြစ်ပြီး ရုပ်အလောင်းအား Z-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ အဖွဲ့ဝင်များက အသင်းပိုင်မော်တော်ယာဥ်ဖြင့်သယ်ယူကာ မြဝတီပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။