တာချီလိတ်တွင် မြန်မာနိုင်ငံသား ၃၁ ဦး အွန်လိုင်းငွေလိမ်လုပ်ငန်းဖြင့် ဖမ်းဆီးခံရ

(မှုခင်း) ဇွန် ၃ ရက်

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်တွင် မြန်မာနိုင်ငံသား ၃၁ ဦးကို အွန်လိုင်းငွေလိမ်လည်မှုနှင့် တရားမဝင်လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသည်ဟု စွပ်စွဲကာ ယမန်နေ့ဇွန်လ ၂ရက်နေ့တွင် ဖမ်းဆီးရမိကြောင်း သိရသည်။


ဇွန်လ ၂ ရက် နံနက် ၁၀ နာရီခွဲအချိန်က တာချီလိတ်မြို့အနီးရှိ ဝမ်လုံးကျေးရွာ၌ စဝ်နွဲ့ (ခ) စဝ်နွဲ့လင်း ပိုင်ဆိုင်သော နေအိမ်အား လုံခြုံရေးတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေရာမှ အမျိုးသား ၁၉ ဦးနှင့် အမျိုးသမီး ၁၂ ဦး ပါဝင်ပြီး စုစုပေါင်း ၃၁ ဦးဖြစ်ဖမ်းစီးရမိ‌ေကြာင်းသိရသည်။

၎င်းတို့အား အလုပ်သမားများဟု ဆိုကြပြီး လုပ်ငန်းရှင် သို့မဟုတ် ခေါင်းဆောင်မှာ လွတ်မြောက်နေကြောင်းသိရသည်။
အဆိုပါဖမ်းဆီးမှု့တွင် -ကွန်ပျူတာ (Desktop) ၅၈ လုံး၊ System Case ၆၀ လုံး၊မိုဘိုင်းလ်ဖုန်းအမျိုးမျိုး ၆၀ လုံး၊ စားပွဲ ၂၀ လုံး၊ထိုင်ခုံ ၅၄ လုံးတို့ပြီးဖမ်းဆီးခံရသူများသည် လုပ်ခလစာဖြင့် အလုပ်လုပ်ကိုင်နေသူများဖြစ်၍ လိုအပ်သော စစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်ကြောင်းသိရသည်။