
(မှုခင်း) ဇွန် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ တာဝါတိုင်ဆိပ်အနီး ဧရာဝတီမြစ်ထဲ၌ ယမန်နေ့ ညပိုင်းအချိန်က အမျိုးသား (၁)ဦး ရေနစ်သေဆုံးနေကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ယင်းရေနစ်သေဆုံးနေသည့် အမျိုးသားအား စစ်ကိုင်းခရိုင်/မြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သတ်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ သေဆုံးသူ အမျိုးသားအား သုခကာရီလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် စစ်ကိုင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။